တာ့ခ်ခရိုင်တွင် ကားတစ်စီးအားတားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသား ၈ ဦးနှင့်ထိုင်းနိုင်ငံသား ကားမောင်းသူအားဖမ်းဆီးရမိ

0
232

တာ့ခ်ခရိုင်တွင် ကားတစ်စီးအားတားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသား ၈ ဦးနှင့်ထိုင်းနိုင်ငံသား ကားမောင်းသူအားဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊ဝမ်ကျောင့်မြို့၊နာဘို့(တ်) ကျေးရွာတွင် စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာ့ခ်ခရိုင်တာဝန်ရှိသူများက သတင်းအရ နာဘို့(တ်)ကျေးရွာတွင် မောင်းနှင်လာသည့် ကားတစ်စီးအားတားဆီးစစ်ဆေးရာ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးနှင့်ထိုင်းနိုင်ငံသားကားမောင်းသူတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား ၈ ဦးသည် မြဝတီမြို့ဘက်မှတဆင့် သောင်ရင်းမြစ်အားဖြတ်ကူးကာ ဝင်ရောက် လာခြင်းဖြစ်ပြီး ဘန်ကောက်မြို့ရှိ စက်ရုံတစ်ခု ၌အလုပ်လုပ်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ကာ စက်ရုံ၌အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေးချေခဲ့ရသည်ဟု စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် တာ့ခ်ခရိုင်တာဝန်ရှိသူများက ဝမ်ကျောင့်မြို့ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here