ဘော်စတွန်ရှိ နာမည်ကြီး NU တက္ကသိုလ် ပရဝုဏ် အတွင်းဗုံးကွဲ

0
215

ဘော်စတွန်ရှိ နာမည်ကြီး NU တက္ကသိုလ် ပရဝုဏ် အတွင်းဗုံးကွဲ

​ဘော်စတွန်၊စက်တင်ဘာ ၁၃

အ​မေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ရှိအရှေ့မြောက်ပိုင်း တက္ကသိုလ် NUတွင် အထုပ်တထုပ်ပေါက်ကွဲ၍ ​တက္ကသိုလ်မှ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဒုတိယအထုပ်တစ်ထုပ်ကို လုံခြုံ​ရေးအဖွဲ့မှ ဖျက်စီးရှင်းလင်းခဲ့ရသည်။

အသက် ၄၅ နှစ်အရွယ် ဝန်ထမ်းတဦးလက်တွင်ဒဏ်ရာအနည်းငယ်ရရှိခဲ့သဖြင့် နယ်မြေဆေးရုံသို့ ပို့ဆောင်ထားကြောင်း အာဏာပိုင်များက ပြောသည်။

တက္ကသိုလ်ကျောင်းသားဦးရေ ၁၅,၇၀၀ ခန့်ရှိသည့် နာမည်ကြီး Northeastern တက္ကသိုလ်ကျောင်းဝန်းအတွင်း အင်္ဂါနေ့ညကပေါက်ကွဲမူ​ကြောင့်ဘော့စတွန်ရှိ ကောလိပ်အများအပြားတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်​နေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

​ဘော်စတွန်သည် ပညာ​ရေးမြို့​တော်ဟုသတ်မှတ်၍ရပြီး ကမ္ဘာ့အဆင့် ​တက္ကသိုလ် ၁၆ ​ခုထက်မနည်းရှိသည်။ မြန်မာအပါအဝင် တကမ္ဘာလုံးက ​ကျောင်းသားများ တက်​ရောက်သင်ကြား​နေကြသည်။

ရဲတပ်ဖွဲ့၊ ဘော်စတွန် မီးသတ်ဌာနနှင့် ဘော့စတွန် အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများက၄င်း​ကပါက်ကွဲမူကို ပူး​ပေါင်းစုံစမ်းစစ်ဆေး​နေကြသည်။

ပေါက်ကွဲမှုအပြီးတွင် ဘော့စတွန်တက္ကသိုလ် ရဲတပ်ဖွဲ့မှ “ရပ်ရွာအဖွဲ့ဝင်များအားလုံးကို သတိရှိကြရန်” နှင့် သံသယဖြစ်ဖွယ် အထုပ်တစ်ခုကို တွေ့ရှိပါက 617-353-2121 သို့ ဖုန်းခေါ်ဆိုရန် တိုက်တွန်းထားသည်။

Ref:nytimes.com


LEAVE A REPLY

Please enter your comment!
Please enter your name here