စက်သုံးဆီစျေးနှုန်းအနည်းငယ်ပြန်တက်လာ 92 Ron တစ်လီတာလျင် ၂၅၀၀ ကျပ်နီးပါးဖြစ်

0
120

စက်သုံးဆီစျေးနှုန်းအနည်းငယ်ပြန်တက်လာ 92 Ron တစ်လီတာလျင် ၂၅၀၀ ကျပ်နီးပါးဖြစ်

စက်သုံးဆီစျေးနှုန်းများ စက်တင်ဘာ ၁၄ ရက်(ယ နေ့)တွင်ပြန်တက်လာခဲ့ပြီး ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၂၄၈၅ ကျပ်ဖြစ်လာခဲ့သည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

ထို့ပြင် ပဲခူးတိုင်းတွင်လည်း 97 Ron တစ်လီတာလျင် ၂၄၉၀ ကျပ်ဖြစ်ကာ မန္တလေး၊နေပြည်တော်၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင် ၊လားရှိုး၊တောင်ကြီးနှင့်လွိုင်ကော် တို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၅၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

ထို့အတူ မြစ်ကြီးနားနှင့်စစ်တွေတို့တွင် ၂၆၀၀ ကျပ်ကျော်၊ဟားခါးတွင် ၂၇၀၀ ကျပ်ကျော်နှင့်ကျိုင်းတုံတွင် ၃၁၀၀ ကျပ်ကျော်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၄၈၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၅၇၅ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၃၀၆၅ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၃၁၅၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၂၃၇၂ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၄၆၂ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၉၃၈ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၃၀၁၈ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက် ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့်ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here