မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များတို့ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

0
334

မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များတို့ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ စိန့်ပီတာစဘတ် ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင် စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့ကကျင်းပသည့် St. Petersburg – Myanmar Business Forum ၌လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဖိုရမ်သို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦး တက်ရောက်၍ မြန်မာ-ရုရှား နှစ်နိုင်ငံကြား စီးပွားရေး၊ကုန်သွယ်ရေးဆိုင်ရာများအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်အလားအလာများအား မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီးဦးလွင်ဦး ရှေ့မှောက် ၌ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်စိန့်ပီတာစဘတ် ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့်စိန့်ပီတာစဘတ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Vladimir I. Katenev တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ဖိုရမ်သို့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့မှမူဝါဒပိုင်းဆိုင်ရာတာဝန်ရှိသူများ၊မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်မြန်မာ-ရုရှားစီးပွားရေးဖွံ့ဖြိုးမှုအသင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာ-ရုရှားနှစ်နိုင်ငံမှ ကုမ္ပဏီများ၏ အကြီးအကဲများ၊စီးပွား ရေးလုပ်ငန်းရှင်များ တက်ရောက်ကာ နှစ်နိုင်ငံကြား စီးပွားဆက်သွယ်မှု တိုးမြှင့်နိုင်မည့် အလား အလာများအား ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here