ယူကရိန်းက ကျုး‌ကျော်လာသော်လည်း စစ်အင်အားကိုစုစည်းရန်အစီစဉ်မရှိဟုရုရှားဆို

0
209

ယူကရိန်းက ကျုး‌ကျော်လာသော်လည်း စစ်အင်အားကိုစုစည်းရန်အစီစဉ်မရှိဟုရုရှားဆို


လန်ဒန်၊စက်တင်ဘာ ၁၃

ရုရှားနိုင်ငံသည် ခုနစ်လနီးပါးတာစစ်ပွဲကာလအတွင်း အဆိုးရွားဆုံးရှုံးနိမ့်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ယူကရိန်းတွင် ၎င်း၏တပ်ဖွဲ့များ အားကောင်းလာစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အင်အားစုစည်းခြင်းပိုဆွေးနွေးမှုမျိုးပြုလုပ်ရန်မရှိဟု ခရင်မလင်က စက်တင်ဘာ ၁၃ ရက် အင်္ဂါနေ့ကပြောကြားခဲ့သည်။

“လောလောဆယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတာမရှိသေးပါဘူး” ဟု ခရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ယူကရိန်းအရှေ့မြောက်ဘက်ရှိ ခါကိဗ်ဒေသအားလုံးနီးပါးမှ ၎င်း၏တပ်များဆုတ်ခွာခဲ့ရစဉ်ကမေးမြန်းမှုအားပြန်လည်ဖြေကြားခဲ့သည်။

အာဏာရ United Russia ပါတီမှ Duma အမတ်တစ်ဦးဖြစ်သူ Mikhail Sheremet ကမူ တနင်္လာနေ့က “အောင်ပွဲအတွက် တပ်များကို အပြည့်အ၀ စုစည်းခြင်း” လိုအပ်သည်ဟု ပြောဆိုခဲ့သည်။

အင်္ဂါနေ့တွင် ကွန်မြူနစ်ပါတီခေါင်းဆောင် Gennady Zyuganov က ပါတီ၀က်ဘ်ဆိုဒ်၏ ကြေငြာချက်တစ်ခု၌ “အမေရိက၊ဥရောပနှင့် နေတိုး” တို့နှင့်ယှဉ်ပြိုင်နေရသည့် စစ်ပွဲအားအနိုင်ရရန်အတွက် ကျွန်ုပ်တို့၏အင်အားနှင့် အရင်းအမြစ်များကို အမြင့်ဆုံး စုစည်းရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။ 

ရုရှားသည် ယူကရိန်းသို့ဝင်ရောက်မှုအား အထူးစစ်ရေးစစ်ဆင်မှုဟုသာခေါ်ဆိုပြီး စစ် သို့မဟုတ် ကျူးကျော်မှုဟုသုံးနှုန်းသူများအား ယခုနှစ်အစောပိုင်းကပြဌာန်းခဲ့သော ဥပဒေအရ ရုရှားလက်နက်ကိုင်တပ်ဖွဲ့အားသိက္ခာချ၊သတင်းမှားဖြန့်ဝေမှုဖြင့် အရေးယူမှုများပြုလုပ်ခဲ့သည်။

စစ်အင်အား စုစည်းရေးကိုတောင်းဆိုနေသော အမျိုးသားရေးဝါဒီ ဝေဖန်သုံးသပ်သူများနှင့်ပတ်သက်၍ မေးမြန်းရာတွင် Peskov က ၎င်းသည် “ဗဟုဝါဒ”၏ ဥပမာတစ်ခုဖြစ်ပြီး ရုရှားပြည်သူလူထုတစ်ရပ်လုံးကမူ သမ္မတဗလာဒီမာပူတင်ကိုသာ ဆက်လက်ထောက်ခံကြောင်း ပြောကြားခဲ့သည်။

“ရုရှားပြည်သူတွေက သမ္မတကိုထောက်ခံပါတယ်။နိုင်ငံတော် အကြီးအကဲရဲ့ ဆုံးဖြတ်ချက်တွေကို ပြည်သူအားလုံးက လက်ခံကြပါတယ်” ဟု ၎င်းကဆိုသည်။

“ကျန်တဲ့ဝေဖန်နေသူတွေအတွက်ကတော့ ဘောင်မကျော်လာသရွေ့ ဗဟုဝါဒအရ လက်ခံထားပေးလို့ရပါတယ်။ဒါပေမဲ့လက်ခံနိုင်တဲ့ နယ်နိမိတ်ကတော့ကျဉ်းနေပြီမို့ သတိထားပါလို့ပဲပြောချင်ပါတယ်” ဟု၎င်းကဆိုခဲ့သည်။

ပူတင်သည် လွန်ခဲ့သည့်ငါးနှစ်အတွင်း စစ်မှုထမ်းခဲ့သည့် အမျိုးသား ၂ သန်းခန့်ရှိသည့် ရုရှား၏အရန်စစ်အင်အားများကို စုစည်းရန် ယခုအချိန်အထိ အကောင်အထည်ဖော် ကြိုးပမ်းခြင်းမရှိသေးပေ။

ပြီးခဲ့သည့်သီတင်းပတ်က ယူကရိန်း၏ တန်ပြန်ထိုးစစ်အပြီးတွင် ပြန်လည်စုဖွဲ့ခြင်းကြောင့် ခါကိဗ်ဒေသကိုစွန့်လွှတ်လိုက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင်ပြောကြားပြီးနောက် စုစည်းရေးကိုထောက်ခံသော စစ်ဘက်ဝေဖန်သုံးသပ်သူများက ဒေါသနှင့်တုံ့ပြန်ခဲ့ကြသည်။တနိုင်ငံလုံးအတိုင်းအတာဖြင့်စု စည်းခြင်းသာ အခြေအနေကိုပြုပြင်နိုင်မည်ဟု လပေါင်းများစွာကတည်းက ၎င်းတို့ကအကြံပြုခဲ့ကြသည်။

၂၀၁၄ ခုနှစ်က ယူကရိန်းအရှေ့ပိုင်းတွင် ခွဲထွက်ရေးပုန်ကန်မှုကို ဦးဆောင်ခဲ့သည့် ရုရှားလုံခြုံရေးအရာရှိဟောင်း Igor Girkin က တပ်များကိုစုစည်းခြင်းသည်သာလျှင် ယူကရိန်း၌ ရုရှား၏နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း စက်တင်ဘာ ၂ ရက် ယူကရိန်း၏ တန်ပြန်ထိုးစစ်မစတင်မီက တယ်လီဂရမ်တွင်ရေးသားခဲ့သည်။

Source -Reuters/vc


LEAVE A REPLY

Please enter your comment!
Please enter your name here