နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအားဆွေးနွေးရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဖြစ်သည့် KNU/KNLA-PC နှင့် DKBA အဖွဲ့မှကိုယ်စားလှယ်အဖွဲ့များရောက်ရှိလာ

0
262

နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအားဆွေးနွေးရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဖြစ်သည့် KNU/KNLA-PC နှင့် DKBA အဖွဲ့မှကိုယ်စားလှယ်အဖွဲ့များရောက်ရှိလာ

နစက ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအားဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဒု-ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့နှင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)စစ်ဦးစီးချုပ် စောစတီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ကရင်ပြည်နယ်၊ဘားအံမြို့မှ နေပြည်တော်သို့ မွန်းလွဲပိုင်းကရောက်ရှိလာခဲ့သည်။

ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များအား အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား၊တိုင်းရင်းသူ များ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများက ကြိုဆိုခဲ့ကြသည်။

နစက ဥက္ကဋ္ဌ၊ နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့နှင့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)အဖွဲ့သည် ပထမအကြိမ်အဖြစ် မေ ၂၆ ရက်မှ ၂၈ ရက်အထိတွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

အလားတူ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော်(DKBA)အဖွဲ့သည်လည်း ဇွန် ၁၉ ရက်မှ ၂၁ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပါတီစုံဒီမိုကရေစီစ နစ်ခိုင်မာရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအ ခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ပြည် ထောင်စုငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အား ဆက်လက်ကြိုးပမ်းကြရန် သဘောတူညီခဲ့ကြသည်။ 

ယခု ဒုတိယအကြိမ်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးလို လားချက်နှင့်အနာဂတ်လုပ်ငန်းစဉ်များကိုဆွေး နွေးညှိနှိုင်းရန် လမ်းဖွင့်ထားပြီး ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့် ကျန်တိုင်းရင်းသားကိုယ် စားလှယ်အဖွဲ့များလည်း ထပ်မံလာရောက်တွေ့ဆုံဆွေးနွေးရန်ရှိကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မည်သည့်အခြေ အနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ လာရောက်ဆွေးနွေးရန် နစက ကဖိတ်ခေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here