တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၄ဝဝဝ တန်ဖိုးရှိ အိုက်စ်များဖမ်းမိ

0
104

တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၄ဝဝဝ တန်ဖိုးရှိ အိုက်စ်များဖမ်းမိ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊မယ်ဟုတ်(ရွာသစ်) ကျေးရွာအနီးတွင် စက်တင်ဘာ ၁၂ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၄ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ မယ်ဟုတ်(ရွာသစ်)ကျေး ရွာအနီးတွင် မယ်ယန်းကျေးရွာဘက်မှမယ်ဟုတ် (ရွာသစ်)ကျေးရွာဘက်သို့ စိုင်းဆိုင်လူ မောင်းလာသည့် Mark-II ကားအားတားစီးစစ်ဆေးရန်ရပ် တန့်ခိုင်းခဲ့သည်။

ထိုသို့ ရပ်တန့်ခိုင်းစဥ် မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လမ်းဘေးခြံစည်းရိုးအုတ်တံတိုင်းအားတိုက်မိကာ ရပ်တန့်သွားသဖြင့် ဖမ်းဆီးပြီးရှာဖွေစစ်ဆေးခဲ့ကြသည်။

ရှာဖွေစစ်ဆေးရာ ကားပေါ်မှ ငွေကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ အိုက်စ်(၅၀ ကီလို)အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် အိုက်စ်များနှင့်အတူဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here