ပြိုင်ပွဲဝင်ဘာသာရပ်(၂၅)မျိုး၊ပြိုင်ပွဲဝင်(၇၃၇)​ယောက်ဝင်ပြိုင်​သော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အ ရေး၊အတီးပြိုင်ပွဲ ဆုများပေးအပ်

0
136

ပြိုင်ပွဲဝင်ဘာသာရပ်(၂၅)မျိုး၊ပြိုင်ပွဲဝင်(၇၃၇)​ယောက်ဝင်ပြိုင်​သော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အ ရေး၊အတီးပြိုင်ပွဲ ဆုများပေးအပ်

ရန်ကုန်တိုင်း၌ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအား စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၏ သ ဘင်ဆောင်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်း(၂၃) ကြိမ်မြောက်အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ဝန်ကြီးချုပ်ဦးစိုးသိန်းက ပြိုင် ပွဲဝင်များအနေဖြင့် မိမိတတ်စွမ်းသည့် အနုပညာဖြင့်ဖျော်ဖြေရေး၊အသိပညာပေးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကာ ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို ထိန်းသိမ်းမြှင့်တင်ရေး၊ထွန်း ကားပြန့်ပွားရေးတို့အား အတွေးသစ်၊အမြင်သစ်၊နည်းပညာသစ်၊ပုံစံသစ်များဖြင့်ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲများတွင် ဘာသာရပ်အလိုက်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ရန်ကုန်တိုင်း၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင်ပြိုင်ပွဲဝင်ဘာသာရပ် ၂၅ မျိုး၌ ပြိုင်ပွဲဝင် ၇၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူများအနက် ရွှေတံဆိပ် ၁၁၁ ဆု၊ ငွေတံ ဆိပ် ၆၉ ဆု၊ ကြေးတံဆိပ် ၅၉ ဆု(စုစုပေါင်းဆုအ ရေအတွက် ၂၃၉ ဆု)အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

Photo-Aung Myint


LEAVE A REPLY

Please enter your comment!
Please enter your name here