ဆွီဒင်ဝန်ကြီးချုပ် နှုတ်ထွက်တော့မည်
ဆွီဒင် ဆိုရှယ်ဒီမိုကရက်တစ် ဝန်ကြီးချုပ် Magdalena Andersson သည် ဗုဒ္ဓဟူးနေ့က ကျင်းပသော ရွေးကာက်ပွဲတွင်ရှုံးနိမ့်သွားခဲ့သည်။
လက်ယာယိမ်း အတိုက်အခံ လေးပါတီညွန့်ပေါင်းအဖွဲ့က အနိုင်ရပြီး အစိုးရသစ် ဖွဲ့ရန် ပထမဆုံး လုပ်ဆောင်နေပြီ ဖြစ်သည်။
ဆန္ဒမဲ ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီး ဖြစ်သဖြင့်သေချာသလောက်ရှိသည်။ရလဒ်ကို တရားဝင် အတည်ပြုဖို့ တော့လိုပါသေးသည်။
ယမန်နှစ်တွင် ဆွီဒင်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်လာသော Andersson က ” မနက်ဖြန်ကျရင် ကျမရဲ့ ရာထူးမှ အနားယူခွင့်ပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကို တောင်းဆိုချင်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။