ဆွီဒင်ဝန်ကြီးချုပ် နှုတ်ထွက်​တော့မည်

0
219

ဆွီဒင်ဝန်ကြီးချုပ် နှုတ်ထွက်​တော့မည်

ဆွီဒင် ဆိုရှယ်ဒီမိုကရက်တစ် ဝန်ကြီးချုပ် Magdalena Andersson သည် ဗုဒ္ဓဟူးနေ့က ကျင်းပ​သော ရွေးကာက်ပွဲတွင်ရှုံးနိမ့်သွားခဲ့သည်။

လက်ယာယိမ်း အတိုက်အခံ လေးပါတီညွန့်​ပေါင်းအဖွဲ့က အနိုင်ရပြီး အစိုးရသစ် ဖွဲ့ရန် ပထမဆုံး လုပ်ဆောင်​နေပြီ ဖြစ်သည်။

ဆန္ဒမဲ ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီး ဖြစ်သဖြင့်​သေချာသ​လောက်ရှိ​သည်။ရလဒ်ကို တရားဝင် အတည်ပြုဖို့ ​တော့လိုပါသေးသည်။

ယမန်နှစ်တွင် ဆွီဒင်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်လာသော Andersson က ” မနက်ဖြန်ကျရင် ကျမရဲ့ ရာထူးမှ အနားယူခွင့်ပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကို တောင်းဆိုချင်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here