တနင်္သာရီတိုင်းရှိ အထက်တန်းကျောင်းခွဲတစ်ခုမိုင်းထောင်ဖောက်ခွဲခံရသဖြင့် ကျောင်းယာယီပိတ်ထား

0
229

တနင်္သာရီတိုင်းရှိ အထက်တန်းကျောင်းခွဲတစ်ခုမိုင်းထောင်ဖောက်ခွဲခံရသဖြင့် ကျောင်းယာယီပိတ်ထား

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲသည် မိုင်းထောင်ဖောက်ခွဲခံခဲ့သည့်အတွက် ကျောင်းကိုယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းရရှိသည့်အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းသို့ အမည်မသိလက်နက်ကိုင်အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း မိုင်းထောင်ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ ဗုံးထောင်ဖောက်ခွဲမှုကြောင့် ဆရာ၊ ဆရာမ နားနေခန်း၏ တံခါး ၂ ချပ်၊ ပြတင်းပေါက် ၇ ပေါက်၊ ကျောင်းစင်္ကြန်မျက်နှာကြက် အလျား ၂၀ ပေ အနံ ၆ ပေခန့်နှင့် အုတ်နံရံတို့တွင် မိုင်းစထိမှန်ပျက်စီးခဲ့သည်။

သရက်နှစ်ခွအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆရာ၊ ဆရာမ ၁၉ ဦးမှ ကျောင်းသား၊ ကျောင်းသူ ၇၁ ဦးအား ပညာသင်ကြားပေးလျက်ရှိပြီး ပေါက်ကွဲမှုကြောင့် ကျောင်းအား ယာယီပိတ်ထားရသည်ဟု သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here