ရေကြည်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး အစည်းအဝေးတက်ပြီးပြန်လာစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
322

ရေကြည်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး အစည်းအဝေးတက်ပြီးပြန်လာစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

ဧရာဝတီတိုင်းဒေသကြီး ၊ ရေကြည်မြို့နယ်တွင် အစည်း အဝေးမှ ပြန်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ရေကြည်မြို့နယ် ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးတာ ဘူးဆိုသူသည် စက်တင်ဘာလ (၁၄) ရက် ညနေပိုင်းတွင် ရေကြည်မြို့မှ အစည်းအဝေးတက်၍ ပြန်လာစဉ် ကျုံတာကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ် ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

” သေသွားတဲ့ အုပ်ချုပ်ရေးမှူးက ဇရပ်လှရွာကပေါ့။ ည နေပိုင်း ရေကြည်က ဆိုင်ကယ်နဲ့ ပြန်လာတာ လမ်းမှာ စောင့်ပစ်တာ။ နေရာမှတင် ပွဲချင်းပြီး သေသွားတာ” ဟု အခင်းဖြစ်သည့် ကျုံတာကျေးရွာ ဒေသခံတစ်ဦးက ပြော သည်။

ပစ်ခတ်သွားသူများသည် မျက်နှာဖုံးစွတ်ထားပြီး မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရှိရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

” မျက်နှာဖုံးစွတ်တွေနဲ့ ။ ဆိုင်ကယ်နဲ့မောင်းပြေးသွားကြတာ။ ဘယ်အဖွဲ့ကလည်း မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာ နေရာသို့ ရဲနှင့် စစ်တပ်မှ တာဝန်ရှိသူများရောက်ရှိလာကာ အနီးပတ်ဝန်းကျင်ကျေးရွားများအထိပါ လိုက်လံ ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒေသ ခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here