နေပြည်တော်၌ဖွင့်လှစ်ထားသည့် Quarantine Center ၄ ခုတွင် ကိုဗစ်(၁၉)ရောဂါထိတွေ့သူ ၇၀ ဦးရှိ

0
195

နေပြည်တော်၌ဖွင့်လှစ်ထားသည့် Quarantine Center ၄ ခုတွင် ကိုဗစ်(၁၉)ရောဂါထိတွေ့သူ ၇၀ ဦးရှိ

ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုပြန်လည်တွေ့ရှိနေသဖြင့် နေပြည်တော်၌ပြန်လည်ဖွင့်လှစ်ထားသည့် Quarantine Center ၄ ခုတွင် စက်တင်ဘာ ၁၄ ရက်အထိ ၇၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

အလားတူ နေပြည်တော်တွင် စက်တင်ဘာ ၁၄ ရက်အထိ ကိုဗစ်(၁၉)ရောဂါကူးစက်ဖြစ်ပွားနေသူ ၁၆၇ ဦးရှိကြောင်း သိရသည်။

နေပြည်တော်၌ New Ayear ၊ ဒက္ခိဏသီရိ ခုတင် -၅၀ ၊ ဥတ္တရသီရိ ခုတင်-၅၀ နှင့် လယ်ဝေးအားက စားရုံတို့အား Quarantine Center များအဖြစ်ပြန်လည်ဖွင့်လှစ်ထားသည်။

ထို့ပြင် နေပြည်တော်တာဝန်ရှိသူများမှ ကိုဗစ် (၁၉)ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် Mask တပ်ရန် Mask Campaign များပြု လုပ်ခြင်း၊စာသင်ကျောင်းများ၌ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ နေ့စဥ် Mask တပ်၍စာသင်ကြားရန်၊ဖျားနာခြင်း၊သံသ ယလက္ခဏာများတွေ့ပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် အသိပေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

အလားတူ စားသောက်ဆိုင်များ၊ဈေးများနှင့်လူစုလူဝေးရှိသည့်နေရာများ၌ Mask တပ်ရန်ဆော် ဩခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုပြန်လည်များ ပြားလာသဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စက်တင်ဘာ ၁၂ ရက်မှစတင်၍ တစ်လလျင် ၂ ပတ်ရုံးတက်ကာ ၂ ပတ်အားနေအိမ်တွင်နေထိုင်၍ ရုံးလုပ်ငန်းများဆောင်ရွက်ရန် အသိပေးညွှန်ကြားခဲ့သည်။

ပုံစာ – နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ် မြို့မဈေး နှင့် မြို့အဝင်ကြို့ပင်သာပူးပေါင်းစစ်ဆေးရေးဂိတ် တို့တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ဆောင်ရွက်စဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here