ဥရောပကရုရှားကိုအစားထိုးရန် အရှေ့အလယ်ပိုင်းနှင့်အာရှမှ ဒီဇယ်များကိုပိုမိုတင်သွင်းမည်

0
116

ဥရောပကရုရှားကိုအစားထိုးရန် အရှေ့အလယ်ပိုင်းနှင့်အာရှမှ ဒီဇယ်များကိုပိုမိုတင်သွင်းမည်

လန်ဒန်၊စက်တင်ဘာ ၁၄

ဥရောပသည် ရုရှားမှအပဖြစ်သော လောင်စာဈေးကွက်ကိုပိုမိုရှာဖွေလျက်ရှိကာ ၎င်း၏ဒီဇယ်လိုအပ်ချက်အတွက် ယခုလအတွင်းလောင်စာဆီတင်သွင်းမှုသည် သုံးနှစ်တာကာလအတွင်းအမြင့်ဆုံးဖြစ်မည့်လမ်းကြောင်းပေါ်သို့ရောက်ရှိကြောင်း ရေနံခွဲခြမ်းစိတ်ဖြာ‌ လေ့လာရေးကုမ္ပဏီ Vortexa ၏ အချက်အလက်များအရသိရှိရသည်။

စက်တင်ဘာ ၁ ရက်မှ ၁၁ ရက်အထိ အချက်အလက်များအရ ဥရောပသည်ယခုလတွင် တစ်ရက်လျှင်စည်ပေါင်း ၁ ဒသမ ၆၅ သန်း (bpd) ရှိသည့်ဒီဇယ်ဆီကိုတင်သွင်းရန်လမ်းကြောင်းပေါ်ရောက်ရှိနေပြီးဖြစ်ကာ ယခင်လက ၁ ဒသမ ၄၆ သန်း (bpd) ရှိခဲ့ရာမှတက်လာကာ ၂၀၁၉ ခုနှစ်ဩဂုတ်လနောက်ပိုင်း၌ အမြင့်ဆုံးပမာဏဖြစ်သည်။

စက်တင်ဘာလတွင် ရုရှားနိုင်ငံမှဒီဇယ်ဆီတင်သွင်းမှု စုစုပေါင်းသည် ၄၄ ရာခိုင်နှုန်းရှိကြောင်းနှင့်ဩဂုတ်လ တစ်လလုံးတွင် ၅၁ ရာခိုင်နှုန်းနှင့် ဇူလိုင်လတွင် ၆၀ ရာခိုင်နှုန်းတို့ရှိခဲ့ရာမှကျဆင်းသွားသည်ကို ပြသခဲ့သည်။တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်း၏ ဥရောပသို့ဒီဇယ်တင်သွင်းမှုသည် ဩဂုတ်လတွင် ၂၃ ရာခိုင်နှုန်းရှိရာမှ ၃၀ ရာခိုင်နှုန်းအထိတက်လာခဲ့သည်။

စက်တင်ဘာလတစ်လလုံးအတွက် အရှေ့အလယ်ပိုင်းမှ ဥရောပသို့တင်သွင်းမှုသည် ဩဂုတ်လကထက် ၅၀ ရာခိုင်နှုန်းခန့်မြင့်တက်လာရန်ရည်မှန်းထားပြီး ၂၀၁၈ ခုနှစ်မေလနောက်ပိုင်းတွင်ရှိခဲ့သည့် အမြင့်ဆုံးပမာဏထက်ပင် ၅၀၀,၀၀၀ bpd အထိမြင့်တက်ခဲ့ကြောင်း အချက်အလက်များအရသိရသည်။

အာရှမှသွင်းကုန်များသည် စက်တင်ဘာလနှင့် ဩဂုတ်အတွင်း ထူးထူးခြားခြားပြောင်းလဲခြင်းမရှိပဲ ၂၂၅,၀၀၀ bpd ဝန်းကျင်သာတည်ငြိမ်နေသည်ဟုသတ်မှတ်ထားသော်လည်း ဇူလိုင်လကထက်သုံးဆကျော်မြင့်မားနေပြီး အမြင့်ဆုံးအဖြစ် သတ်မှတ်ခံထားရသည့် ယမန်နှစ်နိုဝင်ဘာလကရှိခဲ့သော ပမာဏနီးနီးရှိခဲ့သည်။

ပုံမှန်အားဖြင့်ဥရောပသို့ဒီဇယ်တင်ပို့လေ့ရှိသည့် အိန္ဒိယနှင့်တရုတ်ရေနံချက်စက်ရုံများသည် ဥရောပနှင့်အခြားဝယ်လက်များက ရုရှားထံမှပြန်ဆုတ်သွားသဖြင့် ယခုနှစ်တွင်ရုရှားရေနံစိမ်းကိုလျှော့ဈေးဖြင့် ဝယ်ယူမှုအရှိန်မြှင့်လာကြသည်။

မော်စကို၏ ယူကရိန်းသို့ကျူးကျော်မှုအား ဒဏ်ခတ်သည့်အနေဖြင့် ဥရောပသည် ရုရှားရေနံစိမ်းဝယ်ယူမှုကိုဒီဇင်ဘာလမှစတင်ကာ ရပ်တန့်သွားမည်ဖြစ်ပြီး နောက်နှစ်လအကြာတွင် သန့်စင်ပြီးရုရှားရေနံထွက်ကုန်များကိုပါဆက်လက်ပိတ်ပင်သွားမည်ဟုဆိုခဲ့သည်။

Source –Reuters/st


LEAVE A REPLY

Please enter your comment!
Please enter your name here