အင်ဒိုနီးရှားသည် ဩဂုတ်လတွင်ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၅ ဒသမ ၇၆ ဘီလီယံရရှိခဲ့ပြီးမျှော်မှန်းထားသည်ထက်ကျော်လွန်ဟုဆို

0
220

အင်ဒိုနီးရှားသည် ဩဂုတ်လတွင်ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၅ ဒသမ ၇၆ ဘီလီယံရရှိခဲ့ပြီးမျှော်မှန်းထားသည်ထက်ကျော်လွန်ဟုဆို

ဂျာကာတာ၊စက်တင်ဘာ ၁၅

ပို့ကုန်သွင်းကုန်သည် ခန့်မှန်းချက်ထက်သာလွန်သောကြောင့် အင်ဒိုနီးရှားသည် ဩဂုတ်လတွင် ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၅ ဒသမ ၇၆ ဘီလီယံဖြင့်စံချိန်တင်ခဲ့ပြီး လေးလအတွင်းအများဆုံးနှင့်မျှော်မှန်းထားသည်ထက်ပင် ပိုမိုများပြားခဲ့သည်ဟုကြာသပတေးနေ့တရားဝင်ဒေတာများကဖော်ပြထားသည်။

ရိုက်တာသတင်းဌာန၏စစ်တမ်းအရ ပိုငွေဒေါ်လာ ၄ ဒသမ ၀၉ ဘီလီယံအထိမျှော်မှန်းထားသည်ဟုဖော်ပြထားသည်။သယံဇာတပေါကြွယ်ဝသောနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်မေလမှစတင်၍ ကုန်သွယ်မှုပိုငွေ လစဉ်ပြခဲ့ပြီး ကုန်စည်ဈေးနှုန်းများမြင့်တက်မှုသံသရာကြောင့်ပို့ကုန်များတိုးတက်လာခဲ့သည်။

နိုင်ငံ၏အကြီးမားဆုံးစံချိန်တင်ပမာဏဖြစ်ခဲ့သည့် ဧပြီလကရရှိခဲ့သော ပိုငွေကန်ဒေါ်လာ ၇ ဒသမ ၅၆ ဘီလီယံနောက်ပိုင်းတွင် ယခုဩဂုတ်လပိုငွေသည် အကြီးမားဆုံးဖြစ်လာခဲ့သည်။ဩဂုတ်လတွင်နှစ်စဉ်ပို့ကုန်သည် ၃၀ ဒသမ ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ရေနံ၊သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုထုတ်ကုန်များတင်ပို့မှုမှာအကြီးမားဆုံး တိုးမြင့်မှဖြစ်ခဲ့သည်။အင်ဒိုနီးရှားစာရင်းအင်းဌာန၏ခန့်မှန်းချက်အရ ၁၉ ဒသမ ၁၉ ရာခိုင်နှုန်းအထိတိုးတက်မှုရှိကြောင်းသိရှိရသည်။

သွင်းကုန်တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၂၂ ဒသမ ၁၅ ဘီလီယံရှိပြီး စစ်တမ်း၏ ၃၀ ဒသမ ၆၀ ရာခိုင်နှုန်းတိုးတက်မှုခန့်မှန်းချက်နှင့် နှိုင်းယှဉ်ပါက နှစ်စဉ် ၃၂ ဒသမ ၈၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

Source-Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here