YBS ခရီးသည်တင်ကားစီးရေ ၅၀၀ ကျော်အား ယာဥ်စီးခပိုမိုကောက်ခံခဲ့သဖြင့် အရေးယူမှုများပြုလုပ်ထား

0
191

YBS ခရီးသည်တင်ကားစီးရေ ၅၀၀ ကျော်အား ယာဥ်စီးခပိုမိုကောက်ခံခဲ့သဖြင့် အရေးယူမှုများပြုလုပ်ထား

ရန်ကုန်တိုင်းအတွင်း၌ ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ကားများအနက် ယာဥ်စီးခပိုမိုကောက်ခံခဲ့သည့် ခရီးသည်တင်ကား ၅၃၉ စီးအား အရေးယူမှုများပြုလုပ်ထားသည်ဟု ရန် ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

ထိုသို့ အရေးယူရာတွင် YRTC မှတာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ပြီးနောက် သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံသည့် ယာဉ်လိုင်း ၁၅ လိုင်းမှ ခရီးသည်တင်ကားများအား CNG ထုတ်ယူခွင့် ၃ လ၊ ၆ လ အထိထုတ်ယူခွင့်ပိတ်ခဲ့ကြောင်း သိရသည်။

အလားတူ ယာဉ်စီးခကျပ် ၅၀၀ အထက်ပိုတောင်းခြင်းနှင့်ယာဉ်အကူပါရှိသည့် ခရီးသည်တင်ကားများအား CNG ထုတ်ယူခွင့်တစ်နှစ်ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် YBS ခရီးသည်တင်လိုင်း ၁၁၆ လိုင်းမှကားစီးရေ ၃၂၅၀ စီးဖြင့် ခရီးသည် ၁၃ သိန်းခန့်အားတင်ဆောင်၍ နေ့စဥ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့မှ တိုင်းနှင့်ပြည်နယ်အသီး သီးသို့ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစ ခန်းနှင့်ဒဂုံ-ဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတို့မှ ယာဉ်လိုင်းပေါင်း ၁၇၀ ကျော်က နေ့စဥ် အဝေးပြေးခရီးသည်တင်ကား ၄၉၀ စီးခန့်ဖြင့် ခရီးသည် ၈၀၀၀ ခန့်အားတင်ဆောင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here