ဂျပန်နိုင်ငံမှ မြန်မာအလုပ်သမား ၆၅၈ ဦးအားခေါ်ယူရန်ကမ်းလှမ်း

0
344

ဂျပန်နိုင်ငံမှ မြန်မာအလုပ်သမား ၆၅၈ ဦးအားခေါ်ယူရန်ကမ်းလှမ်း

ဂျပန်နိုင်ငံမှ မြန်မာအလုပ်သမား ၆၅၈ဦးအားခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၂၂၇ ခုရှိသည်ဟု ဂျ ပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊တိုကျိုမြို့က အသိ ပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာများနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် မြန်မာသံရုံးသို့ပေးပို့ခဲ့သဖြင့် စီစစ်ဆောင်ရွက်ခဲ့ကြောင်း မြန်မာသံရုံး၊တိုကျိုမြို့က အသိပေးထုတ်ပြန်ခဲ့သည်။

ယင်း အလုပ်ကမ်းလှမ်းစာများအား မြန်မာသံရုံး၊တိုကျိုမြို့က စက်တင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း စီစစ်ခဲ့ခြင်းဖြစ်သည်။

မြန်မာသံရုံးက အလုပ်ကမ်းလှမ်းစာ ၂၂၇ ခုမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊မရှိကို စာရွက်စာတမ်းအထောက်အထားများအားစိစစ်၍ တွေ့ရှိချက်များ၊သဘောထားမှတ် ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများက မြန်မာအလုပ်သမားများအားတရားဝင်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၂၂၇ ခုဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here