တရုတ်ကျောက်မီးသွေးကုမ္မဏီများအားဈေးနှုန်းတည်ငြိမ်အောင် ထိန်းထားရန် သတိပေး

0
218

တရုတ်ကျောက်မီးသွေးကုမ္မဏီများအားဈေးနှုန်းတည်ငြိမ်အောင် ထိန်းထားရန် သတိပေး

ပေကျင်း၊စက်တင်ဘာ ၁၅

Bohai ပင်လယ်အော်ဒေသရှိ ဆိပ်ကမ်းများ၌ လုပ်ငန်းလည်ပတ်နေသော ကျောက်မီးသွေးကုမ္ပဏီများသည် ဆောင်းတွင်းဝယ်လိုအားအထွတ်အထိပ်ကာလမတိုင်မီ ဈေးနှုန်းတည်ငြိမ်နေစေရန်အတွက် ရေရှည်စာချုပ်များကိုလိုက်နာရန် တရုတ်နိုင်ငံ၏ နိုင်ငံတော်စီးပွားရေးစီမံကိန်းဌာနက ကြာသပတေးနေ့၌သတိပေးခဲ့သည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က မကြာသေးမီက ဈေးနှုန်းမြင့်တက်မှုများကြောင့် Qinghuangdao, Tangshan နှင့် Cangzhou မြို့များရှိ ကျောက်မီးသွေးကုမ္ပဏီများအား စုံစမ်းစစ်ဆေးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

NDRC သည် ကုမ္ပဏီများအား ကျောက်မီးသွေးအတွက် ချုပ်ဆိုထားသော ကာလလတ်နှင့် နှစ်ရှည်စာချုပ်စျေးနှုန်းများကို လေးစားလိုက်နာရန်နှင့် yin – yang စာချုပ်များအသုံးပြုခြင်းကို တားမြစ်ထားကြောင်း အထူးသတိပေးထားသည်။ 

ying – yang စာချုပ်ဆိုသည်မှာ ကုမ္ပဏီများသည် ကျောက်မီးသွေးအတွက် နိုင်ငံတော်၏ စျေးနှုန်းလမ်းညွှန်ချက်များနှင့်အညီချုပ်ဆိုထားသည့်စာချုပ်အား အစိုးရထံတင်ပြစဥ် အခြားတစ်ဖက်မှလမ်းညွှန်ချက်ထက် ဈေးနှုန်းပိုမြင့်မားသော ဒုတိယစာချုပ်ကိုချုပ်ဆိုသည့်အမျိုးအစားဖြစ်သည်။

Source -Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here