ပြည်ပရောက် အလုပ်သမားများ၏ လုပ်ခ/လစာ များကို KBZ ဘဏ်က (၁) ဒေါ်လာ (၃၀၀၀) ကျပ်နှုန်းဖြင့် လဲပေးနေဟုဆို

0
136

ပြည်ပရောက် အလုပ်သမားများ၏ လုပ်ခ/လစာ များကို KBZ ဘဏ်က (၁) ဒေါ်လာ (၃၀၀၀) ကျပ်နှုန်းဖြင့် လဲပေးနေဟုဆို

ကမ္ဘောဇဘဏ် (KBZ) အနေဖြင့် ပြည်ပရောက်အလုပ် သ မားများ၏  လုပ်အားခ လစာငွေများကို (၁) ဒေါ်လာလျင် မြန်မာကျပ်ငွေ (၃၀၀၀) နှုန်းဖြင့် လက်ခံလဲလည်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆိုပါ သတင်းနှင့် ပတ်သက်၍ ပြည်ပငွေလွှဲ လုပ်ငန်း လုပ်ကိုင်သည့် Hana Bank Myanmar က အ တည်ပြုပြီးဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက် နှာတွင် ရေးသားထားသည်။

” ထပ်မံ အတည်ပြုပြီးဖြစ်ပါတယ်။ လွှဲထားသူများလည်း အတည်ပြုပြီးဖြစ်ပါတယ်။ စာရွက်စာတမ်း ထပ်တောင်းတာမျိုး မရှိ၊တုံကင်ယူစရာမလို၊ငွေပမာဏ ကန့်သတ် ချ က် မရှိ ထုတ်ယူနိုင်ပါတယ်။ အဆင်မပြေတာရှိရင် KBZ နဲ့ တိုက်ရိုက်ချိတ်ဆက် ဆက်သွယ်ပေးတာမို့ တာ ဝန်ခံကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်” ဟု Hana Bank Myan mar Page က ကြေညာထားသည်။

ငွေလွှဲရည်ရွယ်ချက်တွင်  လစာဟု ရွေးချယ်ကာ စာရင်းသွင်းထားပါက အသေးစိတ် အချက်အလက်ထဲတွင် SALARY သို့မဟုတ် ကုဒ်နံပါတ် “5200” ဟု ပေါ်နေမည် ဖြစ်ပြီး ယင်းသို့ ပေါ်နေမှသာ (၁) ဒေါ်လာ (၃၀၀၀) ကျပ်နှုန်း ဖြင့် ရရှိဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

ငွေလွှဲရည်ရွယ်ချက်တွင် အခြားအကြောင်း အရာ ရေးသွင်းထားပါက အဆိုပါနှုန်းထားဖြင့် ရရှိမည် မဟုတ်ကြောင်းလည်း သိရသည်။

အကယ်၍ ငွေလွှဲရည်ရွယ်ချက်တွင် အခြားအကြောင်း အရာ ဖြည့်သွင်းထားမိပါက ပယ်ဖျက်ပြီး အသစ်ပြန် လည်စာရင်းသွင်းပြီးမှ ငွေလွှဲပြုလုပ်ပေးမည်ဆိုပါက အထက်ပါနှုန်းထားဖြင့် ရရှိမည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း နိုင်ငံခြားငွေနှင့် ရရှိသည့် မြန်မာသင်္ဘောသားများ၏ လစာငွေများကို အမြင့်ဆုံးနှုန်းထားဖြင့် ဝယ်ယူပေးကြရန် ပြည်တွင်းဘဏ်များကို ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း AYA ဘဏ်၏ ပြောကြားချက်ကို ကိုးကားကာ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ထုတ်ပြန်ခဲ့သည်။

ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လစာငွေလွှဲပေးပို့မှုအနေဖြင့် (၈) နှစ်ကျော်ကာလအတွင်း အမေရိက န်ဒေါ်လာ ၆၁၅၂.၀၄၄ သန်းရှိခဲ့ကြောင်း နစက အလုပ်သ မားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here