ကလေးမြို့နယ်ရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၄ ဦးအား မိဘများထံပြန်လည်အပ်နှံ

0
361

ကလေးမြို့နယ်ရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၄ ဦးအား မိဘများထံပြန်လည်အပ်နှံ

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်ရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၄ ဦးအား စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်းက မိဘများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။

ကလေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြန်လည်လွှဲပြောင်းအပ်နှံရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီးနောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၄ ဦးအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။

အလားတူ တာဝန်ရှိသူများမှလည်း ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြသည်။

နစက မှပြစ်မှုကျူးလွန်ခြင်းမရှိသည့် PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံလျက်ရှိရာ စက်တင် ဘာ ၁၄ ရက်ကလည်း စေတုတ္တရာ၊ကြို့ပင်ကောက်နှင့်အုတ်ဖိုမြို့နယ်တို့မှ PDF အဖွဲ့ဝင် ၂၀ ဦးအား မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲ ပြောင်းအပ်နှံပေးခဲ့သည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူး ပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက် နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစက ကအသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here