ကမာကြည်တံတားပေါ်မှခုန်ချခဲ့သည့် အမျိုး သား၏ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ

0
240

ကမာကြည်တံတားပေါ်မှခုန်ချခဲ့သည့် အမျိုး သား၏ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ

ရန်ကုန်တိုင်း၊သာကေတမြို့နယ်ရှိ ကမာကြည်တံတားပေါ်မှ စက်တင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီခန့်က ခုန်ချသွားခဲ့သည့် အမျိုးသား၏ရုပ်အ လောင်းအား စက်တင်ဘာ ၁၅ ရက်ညနေပိုင်းက ပြန်လည်တွေ့ရှိခဲ့သည်ဟု ပေးဆပ်သူတို့နှလုံး သားပရဟိတအသင်းမှ သိရသည်။


ယင်းနေ့ညနေ ၄ နာရီခွဲခန့်က သာကေတမြို့နယ် တံတားဟောင်းအနီးရှိ မြစ်ကမ်းစပ်၌ ကမာကြည်တံတားပေါ်မှခုန်ချသွားသည့် အမျိုးသား ၏ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် ပေးဆပ်သူတို့နှလုံးသားပရဟိတအ သင်း၊သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့နှင့်တာဝန်ရှိသူများက ရုပ်အလောင်းအားဆယ်ယူခဲ့ကြသည်။

ထို့နောက် ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ သာကေတမြို့နယ်နာရေးကူညီမှုအသင်းကားဖြင့် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

Photo-ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here