ပထုန်ဌာနီခရိုင်ရှိ အီလက်ထရောနစ်စက်ရုံမှအ လုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၂၇၀ ဦး နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၄ သန်းကျော်ရရှိ

0
242

ပထုန်ဌာနီခရိုင်ရှိ အီလက်ထရောနစ်စက်ရုံမှအ လုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၂၇၀ ဦး နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၄ သန်းကျော်ရရှိ

ထိုင်းနိုင်ငံ၊ပထုန်ဌာနီခရိုင်၊နဝနခွန်နယ်မြေရှိ အီလက်ထရောနစ်စက်ရုံတွင် စက်တင်ဘာ ၁၃ ရက်က အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၂၇၀ ဦးသည် နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၄ သန်းကျော်ရရှိခဲ့သည်ဟု AAC မဟာမိတ်အဖွဲ့မှသိရသည်။

အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများ နစ်နာကြေးရရှိရန် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သ မားသံအရာရှိရုံးမှတာဝန်ရှိသူများနှင့် AAC မဟာ မိတ်အဖွဲ့တို့က ထိုင်းနိုင်ငံတာဝန်ရှိသူများ၊စက်ရုံပိုင်ရှင်တို့နှင့်တွေ့ဆုံညှိနှိုင်းပြီးနောက် စက်တင်ဘာ ၁၄ ရက်တွင် နစ်နာကြေးရရှိခဲ့ခြင်းဖြစ်သည်။


အလားတူ ထိုင်းနိုင်ငံတာဝန်ရှိသူများမှလည်း အ လုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၂၇၀ ဦးအနေဖြင့် အလုပ်ပြောင်းရွေ့လုပ်ကိုင်လိုပါက တ ရားဝင်ပြောင်းရွှေ့လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများ သည် ယင်း စက်ရုံ၌ဝင်ရောက်လုပ်ကိုင်နေသည့် လုပ်သက်အနည်းငယ်သာရှိသေးသည့် ဝန်ထမ်းများဖြစ်ကာ အလုပ်ထုတ်ခံရသဖြင့် စက်ရုံအတွင်း၌ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ကြသည်။


အလားတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် AAC မဟာမိတ်အဖွဲ့တို့ထံဆက်သွယ်၍ အကူအညီတောင်းခံမှုများလည်းပြုလုပ်ခဲ့ကြသည်။

ထိုင်းနိုင်ငံဥပဒေအရ လုပ်သက် ၄ လမှ ၁ နှစ်ရှိ အ လုပ်သမားများသည် အလုပ်ထုတ်ခံရပါက နစ်နာ ကြေး ၁ လစာ၊ လုပ်သက် ၁ နှစ်မှ ၃ နှစ်အထိအ လုပ်သမားအား နစ်နာကြေး ၃ လစာပေးလျော်ရန် ပြဌာန်းထားကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။

Photo-AAC မဟာမိတ်


LEAVE A REPLY

Please enter your comment!
Please enter your name here