နိုင်ငံသား အသိအမှတ်ပြု ကတ်တစ်ခုခု ကိုင်ဆောင်ထားပြီး သန်းခေါင်စာရင်းရှိမှသာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရမည်ဟု UEC ဥက္ကဋ္ဌ ပြော

0
237

နိုင်ငံသား အသိအမှတ်ပြု ကတ်တစ်ခုခု ကိုင်ဆောင်ထားပြီး သန်းခေါင်စာရင်းရှိမှသာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရမည်ဟု UEC ဥက္ကဋ္ဌ ပြော

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးက စက်တင်ဘာ ၁၅ ရက်နံနက် ၉ နာရီတွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့်မဲရုံအရေအတွက်များလျာထားသတ်မှတ်ခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

UEC အနေဖြင့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဟု ပြောသည်။

ထို့ကြောင့် နိုင်ငံသားများအနေဖြင့် ဥပဒေနှင့်အညီ လွတ် လပ်စွာမဲပေးနိုင်ရန် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံ သားပြုခွင့်ရသူကတ် တစ်မျိုးမျိုးနှင့် အိမ်ထောင်စုဇယားပုံစံ(၆၆/၆)များရှိရမည်ဟု ပြောသည်။

“ပုံစံ(၆၆/၆)ရှိမှသာ မိမိနေထိုင်ရာဒေသမဲစာရင်းမှာ ပါ ဝင်နိုင်မှာဖြစ်ပါတယ်။ မဲစာရင်းမှာပါမှသာ မဲပေးနိုင်တာကြောင့် မဲဆန္ဒရှင်ပြည်သူတွေ လွတ် လပ်စွာမဲပေးနိုင်ဖို့အတွက် တာဝန်ရှိတဲ့ဌာနတွေက ဥပဒေနဲ့အညီ ဆောင် ရွက်ပေးကြဖို့လိုပါတယ်”ဟု UEC ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲအား အချိုးကျကိုယ်စားပြုစနစ်(PR)ပြောင်းလဲကျင့်သုံးမည်ဖြစ် ၍ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရန် UEC အနေဖြင့် ကျယ်ကျ ယ်ပြန့်ပြန့် အသိပေးဟောပြောသွားမည်ဟုပြော သည်။

အလားတူ မဲရုံများသတ်မှတ်ခွဲဝေရာတွင် ဝေးလံဒေသများနှင့်ခရီးသွားလာရန်ခက်ခဲသည့်ဒေသများအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အ စည်းများနှင့်ညှိနှိုင်းတိုင်ပင်၍ သတ်မှတ်ပေးရန် လိုအပ်သည်ဟု UEC ဥက္ကဋ္ဌကပြောကြားခဲ့သည်။

ထို့နောက် ဥတ္တရသီရိခရိုင်၊ဒက္ခိဏသီရိခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေး ကောက်ပွဲအရာရှိများက မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊မဲရုံအရေအတွက်များလျာထားသတ် မှတ်ခြင်းနှင့်မဲရုံသုံးပစ္စည်းများလိုအပ်ချက်တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

အလားတူ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကလည်း အကြံပြုဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးအား လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများဥပဒေနှင့်အ ညီလွတ်လပ်စွာမဲပေးနိုင်ရန် နေပြည်တော်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်း၊မဲရုံနေရာများသတ်မှတ်ခွဲဝေခြင်း၊မဲရုံသုံးပ စ္စည်းများကြိုတင်ဖြည့်ဆည်းခွဲဝေခြင်းများအ တွက် ရွေးကောက်ပွဲအကြိုကာလလုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here