ပူတင်နှင့် ရှီ တွေ့ဆုံသော မော်စကိုနှင့်ဘေဂျင်းပူးပေါင်းမူ
ဆမားကန်ဒ်၊စက်တင်ဘာ ၁၅
ယူကရိန်းစစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှီနှင့်ပူတင်တို့ ကြာသပတေးနေ့တွင်တွေ့ဆုံကြသည်။
ခေါင်းဆောင်နှစ်ဦးသည် ဥဇဘက်ကစ္စတန်နိုင်ငံ ရှေးဟောင်း ပိုးလမ်းမ မြို့တော် Samarkand ၌ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) အစည်းအဝေး တက်ရောက်ရန်ရောက်ရှိနေကြခြင်းဖြစ်သည်။
ယူကရိန်းနှင့် စစ်ပွဲကြောင့် ပူတင်နှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးပျက်သွားခဲ့သလိုတိုင်ပေကိစ္စကြောင့် အမေရိကန်၊ဥရောပ မဟာမိတ်များနှင့် ရှီကလည်းထိပ်တိုက်တွေ့နေသည်။
ထို့ကြောင့်ဘေဂျင်းနှင့်မော်စကိုတို့ ပူးပေါင်းမူသည် အမေရိကန်၏ လွှမ်းမိုးမှုကို တန်ပြန်ဖို့သာ ဖြစ်နိုင်သည်ဟု ယူဆကြသည်။
၎င်းတို့နှစ်ဦး နောက်ဆုံးတွေ့ဆုံခဲ့ကြသည့် ဖေဖော်ဝါရီလက ရုရှား-တရုတ်ဆက်ဆံရေးသည် “အကန့်အသတ်မရှိ” ဖြစ်မည်ဟု ကတိပြုခဲ့ကြသည်။ကြာသပတေးနေ့တွင်တော့ ရှီကျင့်ဖျင်က ပူတင်အား ၎င်း၏ “မိတ်ဆွေဟောင်း” ဟုခေါ်ဆိုခဲ့သည်။
“ယူကရိန်းအကျပ်အတည်းနှင့်ဆက်စပ်၍ ရုရှားအပေါ်တရုတ်မိတ်ဆွေများ၏ မျှတသောရပ်တည်ချက် အတွက် ရှီအား ကျေးဇူးတင်ကြောင်း” ပူတင်က ဖော်ပြခဲ့သည်။
“တရုတ်ကလည်း ရုရှားနဲ့ လက်တွဲဖို့ ဆန္ဒရှိပြီး အင်အားကြီးနိုင်ငံများ၏ တာဝန်ကိုဖော်ဆောင်ရာတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်၊ကမ္ဘာမှာ ကမောက်ကမဖြစ်အောင် တည်ငြိမ်မှုနဲ့ အပြုသဘောဆောင်တဲ့ စွမ်းအားတွေကိုလုပ်ဆောင်ရန်” ဟု ရှီက ပူတင်ကို ပြောကြားခဲ့သည်။
“နိုင်ငံတကာဆက်ဆံရေးမှာနောက်ပြန်ဆုတ်မရတဲ့ အပြောင်းအလဲ ပုံစံတွေ ဖြစ်ခဲ့ပါတယ်။အလားအလာရှိသော နိုင်ငံများနှင့် ကမ္ဘာ့ အခန်းကဏ္ဍတို့တွင်အာရှ-ပစိဖိတ်ဒေသမှာ သိသိသာသာ ပါဝင်လာတယ်” ဟု ပူတင်က ဆိုသည်။
ယူကရိန်းကိုကျူးကျော်ပြီးကတည်းက ရုရှားသည် ၎င်း၏အာရှဖောက်သည်သစ်များဆီသို့လောင်စာဆီတင်ပို့မှုလုပ်ဆောင်ခဲ့သည်။
Source:Aljazeera.com