ပူတင်နှင့် ရှီ တွေ့ဆုံ​သော ​မော်စကိုနှင့်​ဘေဂျင်းပူးပေါင်းမူ

0
260

ပူတင်နှင့် ရှီ တွေ့ဆုံ​သော ​မော်စကိုနှင့်​ဘေဂျင်းပူးပေါင်းမူ

ဆမားကန်ဒ်၊စက်တင်ဘာ ၁၅

ယူကရိန်းစစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှီနှင့်ပူတင်တို့ ကြာသပတေးနေ့တွင်တွေ့ဆုံကြသည်။

ခေါင်းဆောင်နှစ်ဦးသည် ဥဇဘက်ကစ္စတန်နိုင်ငံ ရှေးဟောင်း ပိုးလမ်းမ မြို့တော် Samarkand ၌ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) အစည်းအဝေး တက်ရောက်ရန်​ရောက်ရှိ​နေကြခြင်းဖြစ်သည်။

ယူကရိန်းနှင့် စစ်ပွဲ​ကြောင့် ပူတင်နှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးပျက်သွားခဲ့သလိုတိုင်​ပေ​ကိစ္စ​ကြောင့် အမေရိကန်၊ဥရောပ မဟာမိတ်များနှင့် ရှီကလည်းထိပ်တိုက်တွေ့​နေသည်။

ထို့​ကြောင့်ဘေဂျင်းနှင့်မော်စကိုတို့ ပူးပေါင်းမူသည် အမေရိကန်၏ လွှမ်းမိုးမှုကို တန်ပြန်ဖို့သာ ဖြစ်နိုင်သည်ဟု ယူဆကြသည်။

၎င်းတို့နှစ်ဦး နောက်ဆုံးတွေ့ဆုံခဲ့ကြသည့် ဖေဖော်ဝါရီလက ရုရှား-တရုတ်ဆက်ဆံရေးသည် “အကန့်အသတ်မရှိ” ဖြစ်မည်ဟု ကတိပြုခဲ့ကြသည်။ကြာသပတေးနေ့တွင်​တော့ ရှီကျင့်ဖျင်က ပူတင်အား ၎င်း၏ “မိတ်ဆွေဟောင်း” ဟုခေါ်ဆိုခဲ့သည်။

“ယူကရိန်းအကျပ်အတည်းနှင့်ဆက်စပ်၍ ရုရှားအ​ပေါ်တရုတ်မိတ်ဆွေများ၏ မျှတသောရပ်တည်ချက် အတွက် ရှီအား ကျေးဇူးတင်ကြောင်း” ပူတင်က ဖော်ပြခဲ့သည်။

“တရုတ်ကလည်း ရုရှားနဲ့ လက်တွဲဖို့ ဆန္ဒရှိပြီး အင်အားကြီးနိုင်ငံများ၏ တာဝန်ကို​ဖော်​ဆောင်ရာတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်၊ကမ္ဘာမှာ ကမောက်ကမဖြစ်အောင် တည်ငြိမ်မှုနဲ့ အပြုသဘောဆောင်တဲ့ စွမ်းအားတွေကိုလုပ်​ဆောင်ရန်” ဟု ရှီက ပူတင်ကို ပြောကြားခဲ့သည်။

“နိုင်ငံတကာဆက်ဆံရေးမှာနောက်ပြန်ဆုတ်မရတဲ့ အပြောင်းအလဲ ပုံစံတွေ ဖြစ်ခဲ့ပါတယ်။အလားအလာရှိသော နိုင်ငံများနှင့် ကမ္ဘာ့ အခန်းကဏ္ဍတို့တွင်အာရှ-ပစိဖိတ်ဒေသမှာ သိသိသာသာ ပါဝင်လာတယ်” ဟု ပူတင်က ဆိုသည်။

ယူကရိန်းကိုကျူးကျော်ပြီးကတည်းက ရုရှားသည် ၎င်း၏အာရှဖောက်သည်သစ်များဆီသို့လောင်စာဆီတင်ပို့မှုလုပ်ဆောင်ခဲ့သည်။

Source:Aljazeera.com


LEAVE A REPLY

Please enter your comment!
Please enter your name here