ကမာရွတ်စည်ပင်ရဲဝင်းရှေ့တွင် လက်လုပ်ဗုံး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား၊ ပြည်သူ ၄ ဦးဒဏ်ရာရ

0
124

ကမာရွတ်စည်ပင်ရဲဝင်းရှေ့တွင် လက်လုပ်ဗုံး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား၊ ပြည်သူ ၄ ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၇) ရပ်ကွက်၊ ဗဟိုလမ်းရှိစည်ပင်သာယာရဲတပ်ဖွဲ့ဝင်းရှေ့တွင် ယနေ့ စက်တင်ဘာလ ၁၆ ရက် နံနက် ၈ နာရီ ၃၅ မိနစ်အချိန်ခန့်က လက်လုပ်ဗုံး ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဖြစ်စဉ်အနီးတွင် ရှိနေသည့် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂) ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး (၂) ဦးမှာ စိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“စည်ပင်ရဲဝင်း၀င်ပေါက်နားမှာဖြစ်သွားတာ။ ဈေး၀ယ်သူအချို့နဲ့ အနားမှာရှိနေသူအချို့ ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သိရတယ်” ဟု ၇ ရပ်ကွက်နေပြည်သူ တစ်ဦးကပြောသည်။

သတင်းရရှိသည့်အတွက် အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းရာ မပေါက်ကွဲသေးသော သံပိုက်ဖြင့်လုပ်ထားသည့် လက်လုပ်ဗုံးနှစ်လုံးထပ်မံတွေ့ရှိသဖြင့် ဗဟိုလမ်းအား ခေတ္တပိတ်ထားခဲ့ပြီး ယမ်းကပ်ဖောက်ခွဲခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here