နှစ်သန်းပေါင်း ၃၈၀ သက်တမ်းရှိ နှလုံးတစ်ခုကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိ

0
189

နှစ်သန်းပေါင်း ၃၈၀ သက်တမ်းရှိ နှလုံးတစ်ခုကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိ

သိပ္ပံပညာရှင်တွေဟာ သမိုင်းမတင်မီ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၈၀ ကာလက ရှင်သန်ခဲ့တဲ့ ငါးတစ်မျိုးရဲ့ နှလုံးတစ်ခုကို ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုထဲမှာ ကောင်းမွန်စွာရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အဲဒီနှလုံးကိုလေ့လာခြင်းအားဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွေးပို့လွှတ်တဲ့ စနစ် အဆင့်ဆင့်ပြောင်းလဲလာပုံကို သိရှိနိုင်ကြမှာဖြစ်သလို လူသားအပါအဝင် ကျောရိုးရှိသတ္တဝါတွေရဲ့ ဆင့်ကဲဖြစ်စဉ်ကိုပါ လေ့လာနိုင်မယ်လို့ ဆိုပါတယ်။

အဲဒီ နှလုံးဟာ Gogo လို့ ခေါ်ကြတဲ့ ရှေးဟောင်း ငါးတစ်မျိုးရဲ့ နှလုံးဖြစ်ပါတယ်။

ဒါဟာ သိပ္ပံပညာအတွက် ကြီးမားတဲ့တွေ့ရှိမှုတစ်ခုဖြစ်တယ်လို သိပ္ပံပညာရှင် အဖွဲခေါင်းဆောင် ပါမောက္ခ Kate Trinajstic ကပြောပါတယ်။

Ref: World’s oldest heart found in prehistoric fish


LEAVE A REPLY

Please enter your comment!
Please enter your name here