မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနား-ပူတာအိုသွားကားလမ်းတွင် မြေပြိုကျမှုနှင့်သစ်ပင်လဲကျမှုတို့ကြောင့် ကားများပိတ်နေ

0
108

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနား-ပူတာအိုသွားကားလမ်းတွင် မြေပြိုကျမှုနှင့်သစ်ပင်လဲကျမှုတို့ကြောင့် ကားများပိတ်နေ

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ပူတာအိုသွားကားလမ်းတွင် စက်တင်ဘာ ၁၅ ရက်ညနေပိုင်းမှစတင် ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုများနှင့်သစ်ပင်လဲကျမှုများဖြစ်ပေါ်နေသည်ဟု သိရသည်။

ထိုသို့ မြေပြိုကျမှုနှင့်သစ်ပင်လဲကျမှုတို့ကြောင့် ကုန်တင်ကားများ၊ခရီးသည်တင်ကားများနှင့်ကိုယ်ပိုင်ကားများမှာ ဖြတ်သန်းသွားလာ၍မရဘဲ ပိတ်မိနေကြောင်း သိရသည်။

“လုံရှာယာန်နဲ့ဖတ်မာကြားမှာပိုများတယ် တောင်မြေပြိုကျတာပေါ့ မိုးရွာတော့မြေပျော့ပြီးပြိုကျသွားတာ နောက်မြေပြိုကျတဲ့အရှိန်နဲ့သစ်ပင်တွေပါလဲကျသွားတာပေါ့ အဲဒီတော့ကားတွေမောင်းဖြတ်လို့မရဘူးဖြစ်နေတယ်”ဟု ခရီးသည်တင်ကားမောင်းသူဦးလွင်မောင်ကပြောသည်။

ထို့ကြောင့် ပြိုကျနေသည့်မြေသားများနှင့်သစ်ပင်များအား မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအ သင်းဝင်များနှင့်တာဝန်ရှိသူများက ဖယ်ရှားရှင်း လင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဘယ်ကားမှဖြတ်လို့မရဘူး ဆိုင်ကယ်တွေက တော့ ဆင်းတွန်းပြီးမောင်းသွားကြတာတွေ့တယ် အခု ကားတွေကတော့ အကုန်ရပ်ထားရတယ်လမ်းပေါ်မှာပဲ”ဟု ဦးလွင်မောင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here