မက္ကဆီကို၌ အကျဉ်းထောင်တွင်းလူဦးရေတိုးလာသဖြင့် အကျဉ်းသားနှစ်ထောင်ကျော်အား သတ်မှတ်ရက်ထက်စောလွှတ်ပေး

0
231

မက္ကဆီကို၌ အကျဉ်းထောင်တွင်းလူဦးရေတိုးလာသဖြင့် အကျဉ်းသားနှစ်ထောင်ကျော်အား သတ်မှတ်ရက်ထက်စောလွှတ်ပေး

မက္ကဆီကို၊စက်တင်ဘာ ၁၆

မက္ကဆီကိုနိုင်ငံမှ သမ္မတ Andres Manuel Lopez Obrador ၏ သမ္မတသက်တမ်းအတွင်း ကြီးလေးသောရာဇ၀တ်မှု ကျူးလွန်ခြင်း မရှိသေးသူများ လွတ်မြောက်ရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ထောင်နှင့်ချီသော အကျဉ်းသားများကို လွှတ်ပေးလိုက်ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၅ ရက် ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။

ယခုလွတ်ငြိမ်းချမ်းသာမှခွင့်သည် ၂၀၂၁ ခုနှစ်သြဂုတ်လတွင် သမ္မတ Lopez Obrador ၏ ဒီကရီအမိန့်ကိုလိုက်နာပြီး ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသော သက်ကြီးရွယ်အိုများ၊နာမကျန်းအကျဉ်းသားအချို့နှင့် ကြီးလေးသော ရာဇ၀တ်မှု ကျူးလွန်ခြင်းမရှိသေးသော အကျဉ်းသားများအပါအဝင် ဥပဒေအရ အများဆုံးနှစ်နှစ်ကျော်အထိ စီရင်ချက်မချဘဲချုပ်နှောင်ထားသည့် ဖက်ဒရယ်အကျဉ်းထောင်များမှ လူများကိုလွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Lopez Obrador သည် ၎င်းအစိုးရ၏ တရားမစီရင်မီဖမ်းဆီးထိန်းသိမ်းမှုများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုအတွက် လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများကြောင့် အသေးအဖွဲပြစ်မှုများအတွက် ထောင်ကျနေသူ တစ်ဦးချင်းစီအား အကျိုးရှိစေမည့် ၂၀၁၉ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေနှင့်အညီလူပေါင်း ၂,၆၈၅ ဦးကိုလွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ယခုလွတ်ငြိမ်းချမ်းသာပေးမှုသည် “အကြမ်းဖက်မှု (သို့) သွေးထွက်သံယိုမှုများနှင့်စပ်လျဉ်း၍ ကြီးလေးသောရာဇ၀တ်မှုများကို ကျူးလွန်ခြင်းမရှိသူများအတွက် တရားမျှတမှုရှိသော လုပ်ရပ်ဖြစ်သည်” ဟု လုံခြုံရေးနှင့် နိုင်ငံသားကာကွယ်ရေးနှင့် ဥပဒေစိုးမိုးရေးအေဂျင်စီ အကြီးအကဲ Rosa Icela Rodriguez က ပြောကြားခဲ့သည်။

ဆက်လက်၍သူမက “ယခုလွတ်မြောက်လာသူများသည် ရှေ့နေနှင့်စကားပြန်မငှားနိုင်သည့် ဆင်းရဲဒုက္ခကိုခံစားရသူများ” ဟုသူမကဆိုကာ ၎င်းတို့ထဲတွင်အမျိုးသမီး ၂၃ ဦး၊ သက်ကြီးရွယ်အို ၁၂၀ ဦး၊ နာတာရှည် သို့မဟုတ်ရောဂါရှိသူ ၂၀၈ ဦး၊ နိုင်ငံခြားသား ၁၅ ဦးနှင့် ဌာနေတိုင်းရင်းသား ၅၁ ဦးတို့ပါဝင်သည်ဟုသိရှိရသည်။

မက္ကဆီကိုနိုင်ငံ၏ အကျဉ်းထောင်လူဦးရေသည် ၂၀၂၁ ခုနှစ် Lopez Obrador လက်အောက်၌ ၄ ဒသအမ ၄ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ၂၀၄,၃၆၀ သို့ ရောက်ရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းအေဂျင်စီ INEGI ကပြောကြားခဲ့သည်။

Lopez Obrador က အကျင့်ပျက်ခြစားမှုကဲ့သို့ အကြမ်းမဖက်သော ရာဇ၀တ်မှုအချို့ကို လက်ခံရန် ၂၀၁၉ ခုနှစ်တွင် အစိုးရ၏ တရားခွင်အကြိုထိန်းသိမ်းခြင်းအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုကို တားမြစ်ရန် နိုင်ငံ၏တရားရုံးချုပ်က တောင်းဆိုမှုများနှင့်ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ လွှတ်ပေးခြင်းဖြစ်သည်။

မက္ကဆီကိုတွင် ကြိုတင်ကာကွယ်သည့်အ‌နေဖြင့် ချုပ်နှောင်ထားခြင်း သို့မဟုတ် ထောင်ဒဏ်မချမှတ်ရ‌ သေးဘဲ ထိန်းသိမ်းခံထားရသူဦးရေသည် ၂၀၂၁ ခုနှစ်တွင် ၇ ဒသမ ၆ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ၉၂,၈၅၆ ဦးအထိ တိုးလာခဲ့ကြောင်း INEGI ကပြောကြားခဲ့သည်။

Source -Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here