ဗဟိုဘဏ်၏ ရည်ညွှန်း ဒေါ်လာဈေးနှုန်း ပြောင်းလဲသတ်မှတ်မည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ် ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူပြော

0
217

ဗဟိုဘဏ်၏ ရည်ညွှန်း ဒေါ်လာဈေးနှုန်း ပြောင်းလဲသတ်မှတ်မည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ် ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူပြော

မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်ထားသည့် နိုင်ငံခြား ငွေလဲလှယ်နှုန်း ရည်ညွှန်းဈေးကို ပြောင်းလဲသတ်မှတ်မည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

လတ်တလော လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသည့် အဆိုပါ သတင်းနှင့် ပတ်သက်၍ ဗဟိုဘဏ် ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က နိုင်ငံပိုင်သတင်းဌာနမှတဆင့် ပြောကြားထားခြင်း ဖြစ်သည်။

” မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ရည်ညွှန်း ငွေလဲနှုန်းကို ပြောင်းလဲဆိုပြီး လူမှုကွန်ရက်တွေမှာ ဖြန့်ဝေနေတာတွေက ကောလာဟလတွေပဲ ဖြစ်ပါတယ်။ မှန်ကန်မှုမရှိပါဘူး” ဟု ဦးအောင်အောင်က ပြောသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်က လက်ရှိအချိန်တွင် နိုင်ငံခြားငွေရည်ညွှန်းငွေလဲနှုန်းကို အမေရိကန် (၁) ဒေါ်လာလျင် မြန် မာငွေ ၂၁၀၀ ကျပ်ဖြင့် လဲလှယ်ရန် ရည်ညွှန်းသတ်မှတ်ထားခြင်း ဖြစ်သည်။

လတ်တလောတွင် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေဈေးနှုန်း တည်ငြိမ်စေရန် ဦးတည်ပြီး ကြိုးစားလုပ်ဆောင်နေကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် ဈေးကွက်အတွင်း နိုင်ငံခြားငွေ လဲလှယ်မှု လွယ်ကူမှုရှိစေရန်အတွက် လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးမည့် အစီအစဉ်များ ရှိနေကြောင်းလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

လက်ရှိ ဗဟိုဘဏ်၏ နိုင်ငံခြားငွေ ရည်ညွှန်းငွေလဲနှုန်းမှာ ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း မတည်မငြိမ်ဖြစ်ပေါ်နေမှုများကို ထိန်း ကြောင်းရန် ပြီးခဲ့သည့် ဇူလှိုင်လအတွ င်းက ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခင် ရည်ညွှန်းဈေးမှာ အမေရိကန် (၁) ဒေါ်လာလျင် (၁၈၅၀) ကျပ်ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here