အီဂျစ်၊ ကာတာ၊ ဘာရိန်း၊ မော်လဒိုက်၊ ကူဝိတ်၊ UAE နှင့် မြန်မာတို့သည် SCO ၏ဆွေးနွေးဖက်များ ဖြစ်လာ

0
321

အီဂျစ်၊ ကာတာ၊ ဘာရိန်း၊ မော်လဒိုက်၊ ကူဝိတ်၊ UAE နှင့် မြန်မာတို့သည် SCO ၏ဆွေးနွေးဖက်များ ဖြစ်လာ

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် အဖွဲ့ဝင်သစ်များတိုးချဲ့ခွင့်ပြုထားကြောင်း ဥဇဘက်က သမ္မတ Shavkat Mirzeyev က သောကြာနေ့(ယ​နေ့)တွင် ပြောကြားခဲ့ခြင်းကို RIA Novosti သတင်းဌာနက ဖော်ပြခဲ့သည်။အီဂျစ်၊ ကာတာ၊ ဘာရိန်း၊ မော်လဒိုက်၊ ကူဝိတ်၊ UAE နှင့် မြန်မာတို့သည် SCO(Shanghai Cooperation Organization) ၏ဆွေးနွေးဖက်များ အဖြစ်သတ်မှတ်ခွင့်ပြုလိုက်ပြီဖြစ်သည်။

ဥဇဘက်ကစ္စတန် သမ္မတက ယနေ့တွင် SCO အဖွဲ့အစည်း၏ အဖွဲ့ဝင် အဖြစ် အီရန်၏ တာဝန်များဆိုင်ရာ စာချွန်လွှာကို လက်မှတ်ရေးထိုးလိုက် သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ဥရောပနိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးအဖွဲ့အစည်းဖြစ်သည်။ပထဝီဝင် နယ်ပယ်နှင့် လူဦးရေအရ ၎င်းသည် ကမ္ဘာ့အကြီးဆုံး ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး၊ Eurasia ဧရိယာ၏ ၆၀% ခန့်၊ ကမ္ဘာ့လူဦးရေ၏ ၄၀% နှင့် ကမ္ဘာ့ GDP ၏ ၃၀% ကျော်တို့ကို လွှမ်းခြုံထားသည်။

ဌာနချုပ်ကိုတရုတ်နိုင်ငံ၊ပေကျင်းမြို့တွင်ဖွင့်လှစ်ထားပြီး ၂၀၀၁ခု ဇွန်လ ၁၅ ရက်​နေ့ကစတင်တည်ထောင်ခဲ့သည်။ စတင်တည်ထောင်ဖွဲ့စည်းသည့်နိုင်ငံများမှာ တရုတ်၊ ရုရှား၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နိုင်ငံတို့ဖြစ်ကြသည်။

Source: news.am


LEAVE A REPLY

Please enter your comment!
Please enter your name here