ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုထူးဝေလင်း ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရ

0
198

ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုထူးဝေလင်း ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရ

ဒဂုံတက္ကသိုလ်မှကျောင်းသားတစ်ဦးဖြစ်သည့် ကိုထူးဝေလင်းအား မင်္ဂလာဒုံမြို့နယ်တရားရုံးက စက်တင်ဘာ ၁၆ ရက်(ယနေ့)တွင် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းတွင်းအခြေစိုက်အဖွဲ့ဖြစ်သည့် Future the Dagon မှသိရသည်။

ကိုထူးဝေလင်းသည် ဒဂုံတက္ကသိုလ် စိတ်ပညာဌာနမှကျောင်းသားတစ်ဦးဖြစ်ကာ နစက ၏လုံခြုံ ရေးအဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊ဇွန် ၅ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ကိုထူးဝေလင်းသည် တစ်နှစ်ကျော်ကြာတရားရင်ဆိုင်ခဲ့ရကာ ယနေ့တွင် အပြီးသတ်အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး မည်သည့် ပုဒ်မဖြင့်အမိန့်ချမှတ်ခဲ့သည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခနှင့်အဖွဲ့ဝင်ကိုစည်သူအောင်တင်တို့ သည် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရပြီး ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင် အဖွဲ့ဝင် မသဥ္ဇာဇော် မှာလည်းထောင် ၁၃နှစ်ချမှတ်ခံထားရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here