IBEC ဆရာတော် ကုလညီလာခံ၌ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသောနိုင်ငံရေးပဋိပက္ခများချုပ်ငြိမ်းစေရန် အပြုသဘောဆောင်ဆွေးနွေးမည်

0
455

IBEC ဆရာတော် ကုလညီလာခံ၌ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသောနိုင်ငံရေးပဋိပက္ခများချုပ်ငြိမ်းစေရန် အပြုသဘောဆောင်ဆွေးနွေးမည်

ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ကမ္ဘာ့ကုလသမဂ္ဂ၏ (77) ကြိမ်မြောက်အထွေထွေညီလာခံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသောနိုင်ငံရေးပဋိပက္ခများချုပ်ငြိမ်းစေရန် အပြုသဘောဆောင်ဆွေးနွေးမည်ဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ ၁၅ ရက်တွင် နယူးယောက်စ်မြို့သို့ရောက်ရှိပြီဖြစ်ကြောင်း IBEC-Office သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

IBEC ဆရာတော်သည် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသောနိုင်ငံရေးပဋိပက္ခများချုပ်ငြိမ်းစေရန်အပြုသဘောဆောင်သောဆွေးနွေးတင်ပြမူများကိုတတ်စွမ်းသမျှဆွေးနွေးသွားမည်ဖြစ်ပြီး၊ ငြိမ်းချမ်းရေး နိုင်ငံသားအခွင့်အရေး လူနည်းစုတိုင်းရင်းသားများအခွင့်အရေး ကိုးကွယ်ယုံကြည်မူဆိုင်ရာအခွင့်အရေးများကိုလည်းဆွေးနွေးတင်ပြသွားမည်ဟု သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသောလက်နက်ကိုင်ပဋိပက္ခမြေပြင်အခြေအနေများကိုလည်း ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ အစီရင်ခံစာတစ်စောင်ကိုလည်းညီလာခံစတင်ချိန်တွင် ရေးသားပေးပို့ခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ (77) ကြိမ်မြောက်အထွေထွေညီလာခံထိပ်သီးအစည်းအဝေးသည် စက်တင်ဘာ ၁၃ ရက်တွင် စတင် ကျင်းပနေပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here