အမေရိကန် ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့ ပါးစပ်အကျယ်ဆုံးသူဖြစ်လာ

0
326

အမေရိကန် ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့ ပါးစပ်အကျယ်ဆုံးသူဖြစ်လာ

အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှာနေထိုင်တဲ့ Isaac Johnson ဆိုတဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦးဟာ ကမ္ဘာ့ ပါးစပ်အကျယ်ဆုံးသူအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းဝင်သွားပါတယ်။

သူဟာ ပါးစပ်ကို ဟ ထားလိုက်ရင် အပေါ်သွားရဲ့ ထိပ်ဖျားနဲ့ အောက်သွားရဲ့ ထိပ်ဖျားကြားမှာ ၁၀.၁၉၆ စင်တီမီတာ(၄.၀၁၄လက်မ)ကျယ်တာကြောင့်ပါ။

“ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ ပါးစပ်အပြဲဆုံးပါပဲ”လို့ Issac Johnson ကပြောပါတယ်။ သူ့ပါးစပ်ထဲကို အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့ လက်သီး ဒါမှမဟုတ် လိမ္မော်သီးအကြီးတစ်လုံး ဒါမှမဟုတ် မက်ဒေါ်နယ် ၄လွှာ ဟမ်ဘာဂါတစ်ခု ချောင်ချောင်လေး သွင်းနိုင်ပါတယ်။

သူ့ဟာ သူ့အသက် ၁၄နှစ်အရွယ်ဖြစ်တဲ့ ၂၀၁၉ ခုနှစ် ဧပြီ ၁၅ရက်နေ့က သူစံချိန်တင်ခဲ့တဲ့ ပါးစပ်အကျယ် ၉.၃၄ စင်တီမီတာ(၃.၆၇လက်မ)ကို သူကိုယ်တိုင်ပဲ စံချိန်ချိုးပြီး ကမ္ဘာ့ ပါးစပ်အကျယ်ဆုံးလူသားအဖြစ် စံချိန်ထပ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Ref: “I have the biggest mouth in the world”: Teen breaks own record


LEAVE A REPLY

Please enter your comment!
Please enter your name here