Mtube platform နှင့်ပတ်သက်၍လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံ့နေသည့်သတင်းမှာ လုပ် ကြံဖန်တီးထားခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
199

Mtube platform နှင့်ပတ်သက်၍လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံ့နေသည့်သတင်းမှာ လုပ် ကြံဖန်တီးထားခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

နစက မှပြုလုပ်လျက်ရှိသည့် Mtube platform နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံ့နေသည့်သတင်းများမှာ လုပ်ကြံဖန်တီးထားခြင်းသာဖြစ်သည်ဟု စက်တင်ဘာ ၁၆ ရက် (ယနေ့)တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

အဆိုပါ Mtube platform သည်စမ်းသပ်လုပ် ဆောင်ဆဲအဆင့်တွင်သာရှိနေပြီး အမှန်တကယ်အသုံးပြုထုတ်လွှင့်မည့်အချိန်အား အသိပေးထုတ်ပြန်ပေးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာများ၌ နစက မှပြုလုပ်လျက်ရှိသည့် Mtube platform တွင် စက်တင်ဘာ ၁၅ ရက်ညပိုင်းနှင့်စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းတို့တွင် ညစ်ညမ်းရုပ်သံတိုများပြသခဲ့သည်ဟု ရေးသားဖြန့်ဝေနေလျက်ရှိသည်။

အဆိုပါ ညစ်ညမ်းရုပ်သံတိုများအား”မူလတန်းကြိုဆရာဖြစ်သင်တန်းအတွက် ကျောင်းသားသစ်များအားကြိုဆို”ဟုသည့် သတင်းခေါင်းစဉ်အောက်တွင် ပြသထားခြင်းဖြစ်သည်ဟုလည်း ရေးသားဖြန့်ဝေထားကြသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ Facebook လူမှုကွန်ယက်စာမျက်နှာနေရာတွင် အစားထိုးရန် Social Media platform တစ်ခုအား ပြင်ဆင်လုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here