နစက ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တိုင်းရင်း သားလက်နက်ကိုင် (၂) ဖွဲ့ တို့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊(၂)နှင့်(၃)ပါ သဘောတူညီချက်များအ ပေါ် ဆွေးနွေး

0
289

နစက ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တိုင်းရင်း သားလက်နက်ကိုင် (၂) ဖွဲ့ တို့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊(၂)နှင့်(၃)ပါ သဘောတူညီချက်များအ ပေါ် ဆွေးနွေး

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုး သားအစည်းအရုံး/ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တို့မှကိုယ် စားလှယ်အဖွဲ့တို့ စက်တင်ဘာ ၁၆ ရက်(ယနေ့)နံနက်ပိုင်းက ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးချက်များအ ပေါ် နှစ်ဖ က်သဘောထားများအား ရှင်းလင်းဆွေး နွေးခဲ့ကြပြီး ပြ ည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁)၊(၂) နှင့် (၃)တို့ပါ သဘောတူညီချက်များအား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊တည်ဆဲဥပဒေများနှင့်ကိုက်ညီမှုရှိ/မရှိ လေ့လာစိ စစ်ချက်များနှင့်ပတ်သက်၍ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က တစ်ချက် ချင်းအလိုက် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက ၎င်းတို့၏ သ ဘောထားများ၊လိုလားချက်များကို အပြန်အလှန် ဆွေး နွေးညှိနှိုင်းခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DK BA)စစ်ဦးစီးချုပ် စောစတီး၊ စစ်ရေးချုပ် စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒု-ဥ က္ကဋ္ဌ ဒေါက် တာ နော်ကပေါ်ထူး၊အထွေထွေ အတွင်းရေးမှူးချုပ် စောကျော်ညွန့်တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA နှင့် DKBA အဖွဲ့တို့သည် စက်တင်ဘာ ၁၇ ရက်(မနက်ဖြန်) တွင် တတိယနေ့အဖြစ်ဆက် လက်ဆွေးနွေးသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here