ကျောက်တံတားတွင် ၆ လွှာမှ လူငယ်အမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံး

0
246

ကျောက်တံတားတွင် ၆ လွှာမှ လူငယ်အမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ‌ကျောက်တံတားမြို့နယ်တွင် စက်တင်ဘာ  ၁၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ၆ လွှာမှ လူငယ်အမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံးသွားကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၊ ၃၉ လမ်းနှင့်အနော်ရထာလမ်းထောင့်၊ အပေါ်ဘလောက်၊ တိုက်အမှတ် (၈၂) ၆ လွှာနေသူ  အသက် ၃၀ ခန့် လူငယ်အမျိုးသားတစ်ဦးသည် နောက်ဖေးလမ်းကြားသို့ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။


” သူကတစ်ယောက်ထဲနေတာ၊ ပြုတ်ကျမှုဖြစ်စဉ်ဖြစ်သွားတော့ ကျွန်တော်တို့ သူအခန်းကို ဖျက်ပြီး၀င်ရတယ်၊ အခန်းထဲမှာ မူးယစ်ဆေးဝါးအချို့ကိုလည်း တွေ့ရတယ်။ ဆေးကြောင်ပြီး ဖြစ်သွားတာနဲ့ တူပါတယ်” ဟု ကူညီရေးတွင် ပါ၀င်ခဲ့သည့် လူမှုကူညီရေးအသင်းမှ အဖွဲ့၀င်တစ်ဦးကပြောသည်။

လင်းလက်လူမှုကူညီရေးအသင်းနှင့် ကျောက်တံတားမြို့နယ် အရန် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ Dead Body ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင် ပေးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့၀င်များက စစ်ဆေးမှုများ ပြလုပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here