ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း အကျိုးကျေး ဇူးများအား အမြင့်ဆုံးရရှိခံစားနိုင်ရန်နှင့်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်

0
181

ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း အကျိုးကျေး ဇူးများအား အမြင့်ဆုံးရရှိခံစားနိုင်ရန်နှင့်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးတင်အောင်စန်းက 5th China- ASEAN Information Harbor Forum ၌ဗွီဒီယိုစနစ်ဖြင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် မဟုတ်မမှန်သတင်းနှင့်အမုန်းစကားများ၊ဆိုက်ဘာတိုက် ခိုက်မှုများနှင့်ဆိုက်ဘာလိမ်လည်မှုများ ပိုမိုများ ပြားလာသည်ဟု ပြောသည်။

ထို့ပြင် ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့်အရေး ကြီးသည့် အချက်အလက်များကာကွယ်ရေးကိစ္စသည် အရေးကြီးသည့်အကြောင်းအရာတစ်ခုဖြစ်ကာ အရေးပါသည့် အခြေခံအဆောက်အဦးကာ ကွယ်ခြင်းတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်သည်ဟုပြောသည်။

အလားတူ ဒီဂျစ်တယ်နည်းပညာနှင့်ဝန်ဆောင်မှုများသည် နယ်နိမိတ်ကန့်သတ်ချက်မရှိသည့် သ ဘောသဘာဝရှိ၍ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအကျိုးကျေးဇူးများအား အမြင့်ဆုံးရရှိခံစားနိုင်ရန်နှင့်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်ကြရန်လည်း လိုအပ်သည်ဟုပြောသာ်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့်အိုင်စီတီကဏ္ဍဖွံ့ဖြိုး တိုးတက် မှုအခြေအနေများနှင့်ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

5th China- ASEAN Information Harbor Forum အား တရုတ်နိုင်ငံ၊ Cyberspace Administration ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်း လဲရေးကော်မရှင်၊စက်မှုနှင့်သတင်းအချက်အ လက်နည်းပညာဝန်ကြီးဌာန၊ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ဒီဂျစ်တယ်စီးပွား‌ရေးကဏ္ဍတွင် အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင် ရွက်နိုင်ရေး၊အတွေးအမြင်များ ပိုမိုဖလှယ်နိုင်ရေးနှင့်နှစ်ဦးနှစ်ဖက်မိတ်ဖက်ဆက်ဆံရေးကို ချဲ့ထွင်နိုင်ရန် China- ASEAN Information Harbor Forum ကို ၂၀၁၅ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၁၈ ခုနှစ်တွင် တတိ ယအကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် စတုတ္ထအကြိမ်နှင့်ယခုနှစ်တွင် ပဥ္စမအကြိမ်မြောက်အဖြစ် ကျင်းပလျက်ရှိခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here