ထိုင်ဝမ်အား လက်နက်ထောက်ပံ့ပေး​သောအမေရိကန် ကုမ္ပဏီ အကြီးအကဲများကို တရုတ်က ဒဏ်ခတ် ပိတ်ဆို့

0
253

ထိုင်ဝမ်အား လက်နက်ထောက်ပံ့ပေး​သောအမေရိကန် ကုမ္ပဏီ အကြီးအကဲများကို တရုတ်က ဒဏ်ခတ် ပိတ်ဆို့

​​​ဘေဂျင်း၊စက်တင်ဘာ ၁၆

အမေရိကန်ကုမ္ပဏီများဖြစ်သည့် Raytheon Technologies နှင့် Boeingကိုတရုတ်က ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်သည်။

ထိုင်ဝမ်သို့ ကန်ဒေါ်လာ ၁.၁၀ ဘီလီယံတန်ဖိုးရှိ အမေရိကန်စစ် လက်နက်များ ထောက်ပံ့ပေးခဲ့​သောကြောင့်လုပ်​ဆောင်ခြင်းဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူ Mao Ning က​သောကြာ​နေ့တွင် ပြောကြားခဲ့ကြောင်း RIA Novosti က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် Raytheon Technologies ၏ ဘုတ်အဖွဲ့နှင့် CEO ဖြစ်သူ Greg Hayes နှင့် Boeing ကာကွယ်ရေး၊ Space & Security ၏ ဥက္ကဋ္ဌနှင့် CEO Ted Colbertအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် Mao Ning က သူမ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Source: news.am


LEAVE A REPLY

Please enter your comment!
Please enter your name here