ရန်ကုန်-ဂါယာခရီးစဥ်အား MNA က စင်းလုံးဌားလေယာဥ်ဖြင့် နိုဝင်ဘာလမှစတင်ကာ ပြန်လည်ပျံသန်းပေးသွားမည်

0
294

ရန်ကုန်-ဂါယာခရီးစဥ်အား MNA က စင်းလုံးဌားလေယာဥ်ဖြင့် နိုဝင်ဘာလမှစတင်ကာ ပြန်လည်ပျံသန်းပေးသွားမည်

ဗုဒ္ဓဂါယာဘုရားဖူးခရီးစဥ်သွားရောက်မည့်သူများအဆင်ပြေစေရန် မြန်မာအမျိုးသားလေကြောင်းက ရန်ကုန်-ဂါယာ-ရန်ကုန် ခရီးစဥ်အား စင်းလုံးဌားလေယာဥ်ဖြင့် နိုဝင်ဘာလမှစတင်၍ ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပြေးဆွဲပေးရာတွင် နိုဝင်ဘာလမှစတင်၍ ၂၀၂၃ ခုနှစ်၊ဧပြီလအထိ အပတ်စဥ် တနင်္ဂနွေနေ့တိုင်းပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စင်းလုံးဌားလေယာဥ်၌ ခရီးသည် ၁၅၈ ဦးလိုက်ပါနိုင်မည်ဖြစ်ကာ လေယာဥ်လက်မှတ်ခအဖြစ် တစ်ဦးလျင် အမေရိကန်ဒေါ်လာ ၄၂၀ ကျသင့်မည်ဖြစ်ပြီး အဖွဲ့လိုက်သွားရောက်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၄၀၀ ကျသင့်မည်ဖြစ် ကြောင်း သိရသည်။

ဗုဒ္ဓဂါယာခရီးစဥ်များသည် ၂၀၁၃ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ကာ ၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီလမှစ တင်၍ ကိုဗစ်(၁၉)ရောဂါကူးစက်ဖြစ်ပွားလာခဲ့သဖြင့် ခရီးစဥ်အား ယာယီရပ်နားခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here