တရုတ်နိုင်ငံ၌ မျောက်ကျောက်ရောဂါပထမဆုံးတွေ့ရှိ

0
156

တရုတ်နိုင်ငံ၌ မျောက်ကျောက်ရောဂါပထမဆုံးတွေ့ရှိ

ပေကျင်း၊စက်တင်ဘာ ၁၆

တရုတ်နိုင်ငံသို့မကြာသေးမီက ဝင်ရောက်လာခဲ့သူတစ်ဦးတွင် မျောက်ကျောက်ရောဂါက်ို ပထမဆုံးတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်သောကြာနေ့တွင် တာဝန်ရှိသူများကပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချန်ချင်းမြို့ရှိကွာရန်တင်းစင်တာ၌ ကိုဗစ်ကွာရန်တင်းဝင်နေစဉ် မျောက်ကျောက်ရောဂါလက္ခဏာပြလာကြောင်း ကျန်းမာရေးအာဏာပိုင်များကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအရ နိုင်ငံတွင်းဝင်ရောက်လာသူများသည် ဆိုက်ရောက်ချိန်မှစကာ ကွာရန်တင်းတစ်ပတ်သို့နှစ်ပတ်ဝင်ရဆဲဖြစ်သည်။

အဆိုပါလူနာတွင် အရေပြားနီမြန်းခြင်းကဲ့သို့သောလက္ခဏာများပေါ်ပေါက်လာပြီး မျောက်ကျောက်ရောဂါကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ကျန်းမာရေးကော်မရှင်က အစီရင်ခံစာတွင်ဖော်ပြခဲ့ပြီး ယခုလူနာအားပြည်ပကူးစက်မှုအဖြစ်သတ်မှတ်ခဲ့သည်။

အဆိုပါလူနာသည် ယခုအခါသီးခြားခွဲနေထိုင်လျက်ရှိပြီး ကျန်းမာရေးအခြေအနေတည်ငြိမ်လျက်ရှိကြောင်းသိရှိရသည်။ထိုသူအား မြို့တွင်းသို့စတင်ဝင်‌ေရာက်စဥ်ကတည်းက ကွာရန်တင်းဝင်ခိုင်းထားခြင်းဖြစ်သဖြင့် ကူးစက်နိုင်ချေနည်းပါးသည်ဟုဆိုသည်။

ပြီးခဲ့သည့်အပတ်ကလည်း ဟောင်ကောင်၌ ပြည်တွင်းဝင်ရောက်လာသူများအား သုံးရက်ကြာကိုဗစ်ကွာရန်တင်းဝင်နေချိန်တွင် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး၌ မျောက်ကျောက်ရောဂါလက္ခဏာများပြသခဲ့ပြီး ပထမဆုံးမျောက်ကျောက်ဖြစ်ပွားမှုအဖြစ်မှတ်တမ်းတင်ခဲ့သည်။

အဆိုပါလူနာသည်လည်း လူကြားထဲသွားလာလှုပ်ရှားခြင်းမျိုးမရှိခဲ့သဖြင့် ဟောင်ကောင်နိုင်ငံသားများသို့ ကူးစက်နိုင်ချေအလွန်နည်းပါးသည်ဟု ကျန်းမာရေးအရာရှိတစ်ဦး၏ပြောကြားချက်အရသိရှိရသည်။

Source –AFP/vc


LEAVE A REPLY

Please enter your comment!
Please enter your name here