လောင်းလုံးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်ဟု နာမည်ထွက်နေသည့် ကိုဇော်ဦးဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရ

0
111

လောင်းလုံးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်ဟု နာမည်ထွက်နေသည့် ကိုဇော်ဦးဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရ

တနင်္သာရီတိုင်း ဒေသကြီး ၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ၊ ပြင်ကြီးကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်ဟု ယူဆခံရသူတစ်ဦးကို ယနေ့နံနက်ပိုင်းက သေနတ်သမားများက ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသ ည်။

ယနေ့စက်တင်ဘာလ (၁၇) ရက် နံနက် (၇) နာရီ ဝန်းကျင်က အဆိုပါဖြစ်စဉ် ဖြစ်ပွားသွားခဲ့ပြီး သေဆုံးသူမှာ ပျူစောထီးအဖွဲ့ဝင်ဟု စွပ်ဆွဲခံရသူ ကိုဇော်ဦး ဆိုသူဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။

” သူ့ဦးလေးက ပျူစောထီးခေါင်းဆောင်လို့ပြောတယ်။ ဦး လေးက ခေါင်းဆောင်ဆိုတော့ သူက အဲ့အဖွဲ့ထဲပါနေတာပေါ့နော်။ ဒီမနက် ဝင်ပစ်သွားတာ။ ခေါင်းကိုထိပြီး သေတာပဲ” ဟု ပြင်ကြီးရွာ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူး (စ်) သို့ပြောသည်။

သေဆုံးသူ ကိုဇော်ဦးမှာ အသက် (၄၀) ဝန်းကျင်ရှိပြီး ပျူစောထီးခေါင်းဆောင် ဦးလေး၏ တူတော်စပ်ကြော င်း ဒေသခံများထံမှ သိရသည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ကိုဇော်ဦး၏ မိခင်ဖြစ်သူနှင့် ညီဖြစ်သူတို့ကို ၎င်းတို့ တိမ်းရှောင်နေသည့် ကလိန်အောင်ကျေးရွာတွင် လက်နက်ကိုင်အဖွဲ့များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုပစ်ခတ်မှုကို မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here