ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ အရ Family Moe Paing Co., Ltd ၏ Money Changer အားလိုင်စင် ၃ လဆိုင်းငံ့

0
260

ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ အရ Family Moe Paing Co., Ltd ၏ Money Changer အားလိုင်စင် ၃ လဆိုင်းငံ့

ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြား ချက်များအား လိုက်နာခြင်းမရှိသည့် Family Moe Paing Co., Ltd ၏ Money Changer အား စက်တင်ဘာ ၁၉ ရက်မှစတင်၍လိုင်စင် ၃ လဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီသည် ဗဟိုဘဏ်၏ ၂၀၁၃ ခုနှစ်၊သြဂုတ် ၁၉ ရက်က ခွင့်ပြုထုတ်ပေးထားသည့် Money Changer License အမှတ် CBM-FEMD-122,2013 ရရှိထားသော ကုမ္ပဏီဖြစ်သည်။

ထိုသို့ ရရှိထားသော်လည်း Money Changer လုပ်ငန်းများဆောင်ရွက်ရာတွင် ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအားလိုက်နာခြင်း မရှိပါသဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၂ ကို ဖောက်ဖျက်ခြင်းဖြစ်၍ ဥပဒေပုဒ်မ ၃၅ အရ Family Moe Paing Co., Ltd ၏ Money Changer လိုင်စင်အား ၃ လဆိုင်းငံ့ခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် Family Moe Paing Co., Ltd ၏ Money Changer များဖြစ်သည့် ဗဟန်းမြို့နယ်အ တွင်းရှိ ဆရာစံတောင်မြောက်ရပ်ကွက်၊မြေညီ ထပ် အမှတ်(၁၂၆)၊ မြေညီထပ်၊ အမှတ်(၁၀၈)၊ ဆရာစံရပ်ကွက်၊တက္ကသိုလ်ရိပ်သာလမ်းသစ်၊အ မှတ်(၂၅/၂၇)၊ ငါးထပ်ကြီး(တောင်)ရပ်ကွက်၊အ ရှေ့ရွှေဂုံတိုင်လမ်း၊အမှတ်(၃၁၂/ခ)နှင့်ကျောက် တံတားမြို့နယ်၊ မြေညီထပ် ၃၄ လမ်း၊ အမှတ် (၁၃၉)တို့တွင် ဖွင့်လှစ်ထားသည့် ကောင်တာ(၅)ခုတွင် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ရောင်းချခြင်း၊လဲ လှယ်ခြင်းများအား ဆောင်ရွက်ခွင့်မရှိကြောင်း ဗဟိုဘဏ်ကအသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here