မြောက်ကိုရီးယား၏ နျူဥပဒေကြောင့်အမေရိကန်က မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများကိုဆက်လက်ဖြန့်ကျက်ရန်ကတိပြု

0
236

မြောက်ကိုရီးယား၏ နျူဥပဒေကြောင့်အမေရိကန်က မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများကိုဆက်လက်ဖြန့်ကျက်ရန်ကတိပြု

ဝါရှင်တန်၊စက်တင်ဘာ ၁၇

အမေရိကန်နှင့်တောင်ကိုရီးယားတို့သည် ယခုလအတွင်းထုတ်ဖော်ပြသခဲ့သည့် မြောက်ကိုရီးယား၏ ပထမဆုံးနျူဥပဒေအား “ပြင်းထန်ပြီးမတည်မငြိမ်ဖြစ်စေသည်” ဟု စက်တင်ဘာ ၁၆ ရက် သောကြာနေ့ကရှုံ့ချခဲ့ကြပြီး ဝါရှင်တန်သည် ပြုံယမ်းကိုဟန့်တားနိုင်ရန်နှင့်တုံ့ပြန်နိုင်ရန်အတွက်  မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများကိုဆက်လက်ဖြန့်ကျက်သွားမည်ဟု ကတိပြုခဲ့သည်။

၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပသည့် Extended Deterrence Strategy and Consultation Group ( EDSCG) ၏ ဒုဝန်ကြီးအဆင့်အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်၌ တောင်ကိုရီးယားကိုကာကွယ်ရန် အမေရိကန်၏ကတိအားထပ်လောင်းပြောကြားခဲ့ပြီး မည်သည့်အချိန်တွင်မဆို မြောက်ကိုရီးယား၏နျူတိုက်ခိုက်မှုတိုင်းကို ပြင်းထန်ပြတ်သားစွာတုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

အဆိုပါကြေငြာချက်တွင် နှစ်နိုင်ငံလုံးအနေဖြင့် မဟာမိတ်များအဖြစ်အားကောင်းစေရန် နှစ်ဘက်စလုံး၏အမျိုးသားပါဝါအစိတ်အပိုင်းများအားလုံးကို အသုံးချရန်ဆက်လက်ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့ကြသည်။

အမေရိကအနေဖြင့် မြောက်ကိုရီးယားအား ဟန့်တားတုံ့ပြန်ရန်နှင့်ဒေသတွင်းလုံခြုံရေးတိုးမြှင့်ရန် မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများကို အချိန်နှင့်တစ်ပြေးညီထိရောက်စွာအသုံးပြုနိုင်ရန် ကိုရီးယားနှင့်ညှိနှိုင်းဆောင်ရွက်မှုအားကောင်းဖို့လည်းကတိပြုခဲ့သည်။ထိုသို့ပြောကြားရာတွင် အမေရိကသည် တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားအား အတိုကောက်အမည်များဖြင့်သာရည်ညွှန်းပြောဆိုခဲ့သည်။ EDSCG အဖွဲ့ဝင်နိုင်ငံများသည် မဟာမိတ်များ၏ ဒုံးကျည်တုံ့ပြန်နိုင်မှုစွမ်းရည်နှင့် အနေအထားကိုလည်းအားကောင်းစေရန်ကတိပြုခဲ့ကြသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်အပတ်က ၎င်းနိုင်ငံ၌နျူတရားဝင်သုံးစွဲခွင့်နှင့် နျူဖျက်သိမ်းရေးဆွေးနွေးပွဲများကို တားမြစ်ပိတ်ပင်နိုင်သည့် ဥပဒေအသစ်ကိုတရားဝင်ပြဌာန်းခဲ့သည်။လေ့လာစောင့်ကြည့်သူများကမူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်သည် ၂၀၁၈ ခုနှစ်ကကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ပြုံယမ်းအားလက်နက်ထုတ်လုပ်မှု ကိုစွန့်လွှတ်စေဖို့ စည်းရုံးရန်ကြိုးပမ်းသည့်ထိပ်သီးဆွေးနွေးပွဲပျက်သွားပြီးနောက် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်နျူစမ်းသပ်မှုကိုပြန်လည်စတင်ရန် ပြင်ဆင်နေပုံရသည်ဟုဆိုကြသည်။

ကန်နှင့်တောင်ကိုရီးယားတို့၏ထုတ်ပြန်ချက်တွင် ၎င်းတို့နှစ်နိုင်ငံလုံးအနေဖြင့် နျူစမ်းသပ်မှုပြုလုပ်ပါက နှစ်နိုင်ငံအစိုးရ၏ ပြတ်သားသောတုံ့ပြန်မှုနှင့်ကြုံတွေ့ရမည်ဖြစ်ကာ ၎င်းတို့သည်လည်းဖြစ်လာနိုင်ချေရှိသည့်အခြေနေအရပ်ရပ်တိုင်းအတွက် အဆင်သင့်ပြင်ဆင်နေမည်ဖြစ်ကြောင်းဆိုခဲ့သည်။

Source-Reuters/nh


LEAVE A REPLY

Please enter your comment!
Please enter your name here