ကိုဗစ်(၁၉)ရောဂါကုသဆေး(သောက်ဆေး) PACLOVID အား ဆရာဝန်ဆေးညွှန်းပြ၍ စတင်ဝယ်ယူနိုင်

0
308

ကိုဗစ်(၁၉)ရောဂါကုသဆေး(သောက်ဆေး)  PACLOVID အား ဆရာဝန်ဆေးညွှန်းပြ၍ စတင်ဝယ်ယူနိုင်

နိုင်ငံတကာအဆင့်မီ အနောက်တိုင်းဆေးဝါးစက် ရုံ Pacific Medical Industries Ltd မှ branded generic “PACLOVID” အမည်ဖြင့် ထုတ်လုပ်သည့် ကိုဗစ်(၁၉)ရောဂါကုသဆေး(သောက်ဆေး)အား ဆရာဝန်၏ဆေးညွှန်းပြ၍ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်(၁၉)ရောဂါကုသဆေး(သောက် ဆေး) PAXLOVID(Nirmatrelvir 150mg; Ritonavir 100mg)အား WHO အပါအဝင် US FDA, UK MHRA, Korea FDA, Singapore FDA တို့နှင့် Myanmar FDA မှလည်း ခွင့်ပြုထားပြီးဖြစ်သည်။

PACLOVID ကိုဗစ်(၁၉)ရောဂါကုသဆေး (သောက်ဆေး)ဝယ်ယူလိုသည့် ကိုဗစ်(၁၉)ရောဂါကုသရေးဆရာဝန်များ၊ဆေးရုံဆေးခန်းများနှင့်ဆေးဆိုင်ကြီးများအနေဖြင့် ဆရာဝန်ဆေးညွှန်းစာ၊ဆေးအမှာစာ request letter များဖြင့်စတင်ဝယ်ယူနိုင်ကြောင်း သိရသည်။

 အများပြည်သူများအနေဖြင့် PACLOVID(Nirmatrelvir 150mg; Ritonavir 100mg)ဆေးအားဝယ်ယူလိုပါက  AA Medical Products Ltd သို့ဆက်သွယ်၍ ဆရာဝန်ဆေး ညွှန်းပြ၍ ဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်(၁၉)ရောဂါကုသဆေး(သောက် ဆေး) PACLOVID ဆေးတစ်ဘူး (၁၀ လုံးကဒ် ၃ ကဒ်)အား ငွေကျပ် ၂၅၀၀၀၀ ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်(၁၉)ရောဂါကုသဆေး(သောက်ဆေး) PACLOVID( Nirmatrelvir 150mg; Ritonavir 100mg)ဆေးသည် ကိုဗစ်(၁၉)ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်းလျော့နည်းစေခြင်း၊ရော ဂါဆိုးရွားစွာ ကူးစက်ခံနေရသူများ စောလျင်စွာကုသနိုင်ပါက သေဆုံးမှုနှုန်းအား ၉၀ ရာခိုင်နှုန်းအထိလျော့ချပေးနိုင်ခြင်း၊ delta နှင့် omicron မျိုးစိတ်များအား(ဓာတ်ခွဲစမ်းသပ်ချက်အရ) အောင်မြင်စွာကုသနိုင်ခြင်း၊ အသက် ၁၂ နှစ်အ ထက် ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ် အထက် ကလေးများအား ကုသမှုပေးနိုင်ခြင်းများရှိသည်ဟု သိရသည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here