ထိုင်း စစ်သင်တန်းကျောင်း သေနတ်ပစ်မှု တပ်ကြပ်ကြီးတစ်ဦးအား ဖမ်းဆီးအရေးယူ

0
197

ထိုင်း စစ်သင်တန်းကျောင်း သေနတ်ပစ်မှု တပ်ကြပ်ကြီးတစ်ဦးအား ဖမ်းဆီးအရေးယူ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံ စစ်သင်တန်းကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့ သေနတ်ပစ်မှုနှင့်ပတ်သက်၍ ထိုင်းတပ်ကြပ်ကြီးတစ်ဦးကို ရဲတပ်ဖွဲက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ ယင်းသေနတ်ပစ်မှုတွင် လူ ၂ဦးသေဆုံးပြီး အခြားသူ ၁ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါသေနတ်ပစ်မှုဖြစ်ပွားခဲ့သည့် တော်ဝင်ထိုင်းတပ်မတော်စစ်ကောလိပ်မှ စာရေးတစ်ဦးဖြစ်သည့် တပ်ကြပ်ကြီး Yongyuth Mungkornkim ကို သေနတ်ပစ်မှုဖြင့် ရဲတပ်ဖွဲက ဖမ်းဆီးလိုက်ကာ စစ်ခုံရုံးတစ်ခုတွင် ကြားနာစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်သည်။

သူအား လူသတ်မှုကျူးလွန်ရန်ကြိုတင်ကြံစည်မှု၊ အားထုတ်မှု၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာတွင် သေနတ်ကိုင်ဆောင်ပစ်ခတ်မှုတိုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိတွင် တပ်ကြပ်ကြီး Yongyuth ၏ စိတ်ကျန်းမာရေးအခြေအနေကို ဆေးဖက်ဆိုင်ရာတာဝန်ရှိသူတိုက စစ်ဆေးလျှက်ရှိသည်။

တပ်ကြပ်ကြီး Yongyuth  သည် စက်တင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်က သူ၏ လုပ်ဖော်ကိုင်ဖက်များကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Ref: Thai soldier charged over deadly shooting at army facility


LEAVE A REPLY

Please enter your comment!
Please enter your name here