ယနေ့ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ (၃၆၁) ဦး တွေ့ရှိ

0
68

ယနေ့ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ (၃၆၁) ဦး တွေ့ရှိ 

ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာလ (၁၇) ရက် ည (၈) နာရီ သတင်းထုတ်ပြန်ချက်အရ ယနေ့ မြန်မာနိုင်ငံတွ င် ကိုဗစ်ရောဂါကူးစက်ခံရသူ (၃၆၁) ဦးရှိကြောင်း သိရသည်။

အဆိုပါ ကူးစက်ခံရသူများမှာ စက်တင်ဘာလ (၁၆) ရက် ည(၈) နာရီမှ (၁၇) ရက် ည(၈) နာရီအထိ သံသယလူနာ (၁၂,၄၃၃) ဦး ကို စစ်ဆေးရာမှ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့အထိ ကိုဗစ် ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၉၁၄,၉၇၀) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၆၁၈,၆၆၄) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။


ယနေ့တွင် ကိုဗစ်ကူးစက်ရာမှ ပြန်လည်ကောင်းမွန်လာသူ (၁၈၂) ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၅,၁၆၆) ဦး ရှိပြီး သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၄၄) ဦး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇန်နဝါရီလ (၂၈) ရက်မှ စက်တင်ဘာလ (၇) ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအ တည်ပြုလူနာများ၏ (၈၀) ရာခိုင်နှုန်းမှာ ကိုဗစ်ကာ ကွ ယ်ဆေး ထိုးနှံထားခြင်းမရှိသူများဖြစ်ပြီး ‌ကိုဗစ် ၁၉ ဖြင့် သေဆုံးသူများ၏ (၈၄.၁) ရာခိုင်နှုန်းမှာလည်း ကာကွယ် ဆေး ထိုးနှံထားခြင်း မရှိသူများဖြစ်ကြောင်းကျန်းမာရေး ဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကို တိကျစွာလို က်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ် တ ကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ကျေး ရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here