ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်၍ လူအများစုဝေးနေထိုင်ရာနေရာများတွင်နေထိုင်သူများ လိုက်နာရမည့် စည်းကမ်းချက်များအား ကျန်းမာရေးဝန် ကြီးဌာနထုတ်ပြန်

0
169

ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်၍ လူအများစုဝေးနေထိုင်ရာနေရာများတွင်နေထိုင်သူများ လိုက်နာရမည့် စည်းကမ်းချက်များအား ကျန်းမာရေးဝန် ကြီးဌာနထုတ်ပြန်

မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုပြန် လည်များပြားလာသဖြင့် လူအများစုဝေးနေထိုင်ရာနေရာများတွင်နေထိုင်သူများ ကိုဗစ်(၁၉)ရော ဂါနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များအား ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

လူအများစုဝေးနေထိုင်သည့်နေရာများဖြစ်သည့် ဘိုးဘွားရိပ်သာများ၊မိဘမဲ့ကျောင်းများ၊ပရဟိတဂေဟာများ၊သာသာရေးအဖွဲ့အစည်းများ၊ဘုန်းတော်ကြီးသင်စာသင်ကျောင်းနှင့်သင်တန်းများ၊ဘော်ဒါဆောင်များ၊အားကစားသမားများအားစ ခန်းသွင်းလေ့ကျင့်ခြင်းနှင့်အကျဉ်းထောင်များ၊အချုပ်ထောင်များသည် လူအများစုဝေးနေထိုင် ရာနေရာများဖြစ်၍ ကိုဗစ်(၁၉)ရောဂါ အပါအဝင် ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားနိုင်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထူးအ လေးထားဆောင်ရွက်ရန်လိုအပ်သည်ဟု ကျန်း မာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် လူအများစုဝေးနေထိုင်ရာနေရာများတွင် အသက်(၅)နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံထားရမည်ဖြစ်ကာ အသက်(၁၈)နှစ်နှင့်အ ထက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ(၆)လ ပြည့်ပြီးသူများသည် ထပ်ဆောင်းကာကွယ်ဆေးအား မပျက်မကွက်ထိုးနှံရမည်ဖြစ်သည်။

ထို့ပြင် အလုံပိတ်အခန်းအတွင်း လူအများနှင့်အ တူရှိခြင်း၊အခန်းအတွင်း ပြင်ပမှလာရောက်သူ များရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို အမြဲဝတ်ဆင်ထားရမည်ဖြစ်သည်။

အလားတူ လက်အားမကြာခဏ စက္ကန့်(၂၀)ကြာ ရေ၊ဆပ်ပြာ(သို့)အယ်လ်ကိုဟော(၆၀ ရာခိုင်နှုန်း) ပါဝင်သည့် လက်သန့်စင်ဆေးရည်ဖြင့် စနစ်တ ကျဆေးကြောရမည်ဖြစ်သည်။

ရုတ်တရက် နှာချေခြင်း၊ချောင်းဆိုးခြင်းပြုပါက ပါးစပ်နှင့်နှာခေါင်းအား တံတောင်ကွေးဖြင့် လုံခြုံအောင်ဖုံးအုပ်ရမည်ဖြစ်ကာ စားသောက်ရာတွင်လည်း အတူစုဖွဲ့စား‌သောက်ခြင်း၊မျက်နှာချင်း ဆိုင်စားသောက်ခြင်း၊စားသောက်နေစဉ် စကား ပြောဆိုခြင်းများကို တတ်နိုင်သမျှ မပြုလုပ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။


ထို့အတူ ကိုဗစ်(၁၉)ရောဂါ သံသယလက္ခဏာခံ စားရသူရှိပါက သက်ဆိုင်ရာ တာဝန်ကျဝန်ထမ်း  ထံ ချက်ချင်းသတင်းပေးပို့ရမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

အလားတူ လူအများစုဝေးနေထိုင်သည့်နေရာများ ၌ နေထိုင်သူများအား လာရောက်တွေ့ဆုံသည့် ဧည့်သည်များသည် ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူနှင့်ထပ်ဆောင်းကာ ကွယ်ဆေးထိုးနှံပြီးသူများဖြစ်ရမည်ဖြစ်သည်။

ထို့ပြင် လာရောက်တွေ့ဆုံစဉ် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)အား စနစ်တကျအမြဲဝတ်ဆင်ထားရမည်ဖြစ်ကာ Institution အဝင်/ထွက်တွင် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုအား ခံယူရမည်ဖြစ် သည်။

အလားတူ ဖျားနာခြင်းနှင့်အခြား ကိုဗစ်(၁၉)ရော ဂါ သံသယလက္ခဏာများ ခံစားနေရပါက လာရောက်ခြင်းမပြုရဘဲ အတူတကွဝိုင်းဖွဲ့စားသောက်ခြင်းကိုလည်း လုံးဝမပြုလုပ်ရန်နှင့်လူစုလူဝေးမဖြစ်စေရန် ဂရုပြုနေထိုင်ရမည်ဟု ကျန်း မာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here