မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းများတည်ဆောက်၍ လျှပ်စစ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေး ပူးပေါင်းဆောင် ရွက်မည်

0
289

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းများတည်ဆောက်၍ လျှပ်စစ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေး ပူးပေါင်းဆောင် ရွက်မည်

 နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍမြှင့်တင်နိုင်ရေး၊နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေးနှင့်နိုင်ငံတော်၏ လျှပ်စစ်စွမ်းအားဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ စွမ်းရည်မြှင့်တင်နိုင်ရေးတို့ကို ရှေးရှု၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များဖြစ်သည့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့် ဖြူးပေးနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု စတုတ္ထအကြိမ် ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးအား စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည် ။

အစည်းအဝေးတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့်အိန္ဒိယနိုင်ငံ Ministry of Power မှ Secretary(Power)ဖြစ်သူ H.E. Mr. Shri Alok Kumar တို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြသည်။

ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များပြည့်မီအောင် အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊နေရောင်ခြည် စွမ်းအင်စီမံကိန်းများဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ လျှပ်စစ်စွမ်းအင်မြှင့်တင်အသုံးချနိုင်ရေး၊ကျေးလက်ဒေသသုံးအသေးစားလျှပ်စစ် ဓာတ်အားစနစ်များ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ စွမ်းဆောင်ရည် တည်ဆောက်မြှင့်တင်မှု သင် တန်းများဆိုင်ရာ အစီအမံများနှင့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နောက်တစ်ကြိမ်ကျင်းပမည့် အစည်း အဝေး(The 5th Meeting of the Joint Steering Committee (JSC) on Myanmar-India Cooperation in Power Sector)အတွက် အကြို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here