မိုးညှင်းမြို့နယ်ရှိ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘိန်းစိမ်းများဖမ်းမိ

0
232

မိုးညှင်းမြို့နယ်ရှိ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘိန်းစိမ်းများဖမ်းမိ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကားတစ်စီးပေါ်မှ စက်တင်ဘာ ၁၆ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၄ နာရီခန့်က နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးမြို့ဘက်မှမိုးညှင်းမြို့ဘက်သို့ မောင်စိုး(ခ)ခင်မောင်စိုး(၅၉)နှစ်မောင်းကာ နေလင်းစိုး(၂၇)နှစ်လိုက်လာသည့် NISSAN ATLAS ကားအား တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်မှ ၎င်းတို့ ၂ ဦးအတူ တကွသယ်လာသည့် ၇၈ ကီလိုရှိ ဘိန်းစိမ်းများအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် မိုးညှင်းမြို့မရဲစခန်းက မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here